ပါတီဗဟိုအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စာလှယ်အဖွဲ့နှင့် နိုင်ငံတကာရေးရာဌာနမှ ဒုတိယဝန်ကြီး တွေ့ဆုံ

 

တရုတ်ကွန်မြူနစ်ပါတီ(CPC)ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသော ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဦးဆောင်သော မြန်မာ့ချစ်ကြည်ရေး ကိုယ်စာလှယ်အဖွဲ့အား ၂၀၁၇ခုနှစ် စက်တင်ဘာ(၂၇)ရက်နေ့ ဒေသစံတော်ချိန် နံနက်(၀၉း၀၀)နာရီချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာန ဒုတိယဝန်ကြီး Mr. Guo Yezhou မှ လက်ခံတွေ့ဆုံရာတွင် ပြည်ခိုင်ဖြိုးပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီတို့ဟာ နှစ်ကာလကြာရှည်စွာ ချစ်ခင်ရင်နှီးစွာ ဆက်ဆံလာတဲ့ ပါတီတွေဖြစ် သည်။ ပါတီ(၂)ခုရဲ့ ဆက်ဆံရေးနှင့် ပါတီ(၂)ခုမှ ခေါင်းဆောင်များရဲ့ ဆက်ဆံရေး အခြေအနေကောင်းများကို ထိန်းသိမ်းရမည်ဖြစ်သည်။

ယင်နောက် နံနက်(၁၀း၃၀)နာရီချိန်တွင် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာန အာရှရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး Mr. Zhang Xuyi နှင့် မြန်မာ့ချစ်ကြည်ရေး ကိုယ်စာလှယ်အဖွဲ့တို့မှ ပါတီချင်းဆက်ဆံရေး၊ နှစ်နိုင်ငံအရေးနှင့်ပတ်သက်ပြီး အမြင်ချင်း ဆွေးနွေးဖလှယ်ရာ မွန်းတည့် (၁၂း၀၀)နာရီချိန်တွင် ပြီးမြှောက်ခဲ့သည်။

ဒေသစံတောချိန် ည(၇း၄၅)ချိန်တွင် မြန်မာ့ချစ်ကြည်ရေးကိုယ်စာလှယ် အဖွဲ့သည် Air China လေကြောင်းလိုင်းဖြင့် ပေကျင်းမှ ရန်ကုန်သို့ ပြန်လည်ထွက်ခွါခဲ့ရာ မြန်မာစံတော်ချိန် ည (၁၁း၂၀) ချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

#naylinnhtun