မြန်အောင်တွင် ပြည်ခိုင်ဖြိုးပါတီဝင် အဆိုပြုလွှာစုပေါင်းပေးအပ်ပွဲကျင်းပ

 

ရန်ကုန် သြဂုတ် ၂၆

ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည်ပါတီဝင်အဆိုပြုလွှာများ စုပေါင်းပေးအပ်ပွဲ အခမ်းအနားကို (၃)ရပ်ကွက် မြို့မရေလယ်ကျွန်း ကျေးရွာပါတီဥက္ကဋ္ဌ ဦးဝင်းဇော်၏ နေအိမ်၌ ယမန်နေ့ မွန်းလွဲ ၁နာရီ က ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု ခြင်းနှင့် နိုင်ငံတော်သီချင်း သံပြိုင် သီဆိုကာ ဖွင့်လှစ်ခဲ့ကြသည်။ ထို့ နောက် မြို့မတိုက်နယ် တာဝန်ခံ အရန်မြို့နယ်ပါတီ ကော်မတီဝင် ဦးစိုးညွန့်နှင့် (၃)ရပ်ကွက်နေ ပြည် ခိုင်ဖြိုးပါတီအဖွဲ့ဝင်ဦးနိုင်လင်းတို့က ပါတီဝင်အဆိုပြုလွှာများ စုပေါင်း ပေးအပ်ပွဲကျင်းပရခြင်းနှင့်ပါတီဝင် အဆိုပြုလွှာအသစ်များ ထပ်မံ ဖြည့်သွင်းပြီး ပါတီဝင်အင်အားများ ပိုမိုတိုးပွားလာရန်အတွက် ဆက် လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။ဆက်လက်ပြီး(၃)ရပ်ကွက် ရပ်၊ကျေးပါတီဥက္ကဋ္ဌဦးဝင်းဇော်က မြို့နယ်ပါတီဥက္ကဋ္ဌဦးနေဝင်းဇော်အား ပါတီဝင်အဆိုပြုလွှာ ၁၆၈စောင်ကို ပေးအပ်ခဲ့ပြီးနောက် မြို့နယ်ပါတီ ဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီ ဝင်များက ပါတီဝင်အသစ်များကို ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးခဲ့ ကြသည်။ ထို့နောက် မြို့နယ်ပါတီ အတွင်းရေးမှူး ဒေါ်ယဉ်မြတ်သူ က ပါတီဝင်အသစ်များအား ပြည် ခိုင်ဖြိုးပါတီဝင်တစ်ယောက်တွင် ရှိရမည့် အခွင့်အရေးများ၊ လုပ်ပိုင် ခွင့်များနှင့် ပါတီ၏ရှေ့လုပ်ငန်း စဉ်များအား ရှင်းလင်းပြောကြားခဲ့ သည်။ ဆက်လက်ပြီး မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးနေဝင်း ဇော်က နိဂုံးချုပ်အမှာစကားပြော ကြားရာတွင် မိမိတို့ပါတီသို့ ဝင် ရောက်လာကြသောပါတီဝင်အသစ် များအား ဂုဏ်ပြုကြိုဆိုပါကြောင်း၊ ၂ဝ၂ဝရွေးကောက်ပွဲ အောင်နိုင်ရေး တွင်လည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လတ်တလော ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေးစသည့် အခြေ အနေများနှင့် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌကြီးဦးသန်းဌေး၏ လမ်းညွှန် ချက်များကိုလည်း ပြည်ခိုင်ဖြိုး ပါတီဝင်များလိုက်နာဆောင်ရွက်ကြ ရန်လိုအပ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

အခမ်းအနားကို မွန်းလွဲ ၃ နာရီခွဲတွင် အောင်မြင်စွာကျင်းပ ပြီးစီးခဲ့ပြီး တက်ရောက်သူအင်အား ၁ဝဝခန့်ရှိကြောင်း သိရသည်။

ဇင်မိုးလေး