ဖျာပုံခရိုင်ပြည်ခိုင်ဖြိုးပါတီ( ၇၃ ) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ( ၄ ) မြို့နယ် ဖိတ်ခေါ်ကျပန်းစကားပြောပြိုင်ပွဲအခမ်းအနား ကျင်းပ
၂၇.၃.၂၀၁၈ ရက်နေ့ ဖျာပုံခရိုင်ပြည်ခိုင်ဖြိုးပါတီ( ၇၃ ) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ( ၄ ) မြို့နယ် ဖိတ်ခေါ်ကျပန်းစကားပြောပြိုင်ပွဲအခမ်းအနားအား ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးသင်တန်းကျောင်းခန်းမတွင် ကျင်းပရာ ၁၂ ရပ်ကွက်မှ သားငယ် သမီးငယ်များက တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် သီချင်းဖြင့် ဖွင့်လှစ်ကာ တိုင်းပါတီကော်မတီဝင် ဖျာပုံခရိုင်တာဝန်ခံ ဒေါ်စိုးစိုးရီမှ အဖွင့်အမှာစကားပြောကြာပြီး ခရိုင်ပါတီဥက္ကဌ ဦးစန်းမောင်မှ ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းကာ ဒိုင်ချုပ်ပညာရေးအငြိမ်းစားဆရာကြီး ဦးအောင်မြင့်က ဒိုင်စည်းမျဉ်းများ ရှင်းလင်းပေးခဲ့ပါသည်။တစ်မြို့နယ်လျှင် ပြိုင်ပွဲဝင်စုစုပေါင်း ၃ ဦးဖြင့် စုစုပေါင်း ၁၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ ပြိုင်ပွဲမစတင်မှီ ဖျာပုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလည်း လက်ကမ်းစာဆောင်များ ဝေဌခဲ့ပါသည်။