အသက်ရှည်စေဖို့ လက်ဖက်စိမ်းရည် တစ်ခွက်သောက်ကြစို့

နေ့စဉ် လက်ဖက်စိမ်းရည်တစ်ခွက် ပုံမှန်သောက်သုံးခြင်းဟာ အသက်ရှည်ရှည် နေနိုင်စေမယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ် ။ ဒါဟာ လက်ဖက်စိမ်းရည်ကရတဲ့ ဓာတ်ပေါင်းတွေဟာ ရောဂါများကို ကာကွယ်ပေးနိုင်ပြီး ကယ်လိုရီနည်းပါးတာကြောင့် ပဲဖြစ်ပါတယ်။

ဗြိတိသျှနေ့စဉ်စား အာဟာရဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်အရ လက်ဖက်စိမ်းရည်ဟာ သဘာဝအတိုင်း အရည်ဓာတ်ဖြည့်တဲ့ အာဟာရတစ်မျိုးဖြစ်ပြီး ဓာတ်တိုးဆန့်ကျင် ပစ္စည်းအကြွယ်ဝဆုံး အာဟာရ တစ်မျိုး ဖြစ်တယ် လို့ သိရပါတယ် ။ လက်ဖက်ရည်ရဲ့ ကျန်းမာရေး အကျိုးပြုအာနိသင်ကို အထူးပြုလေ့လာနေ တဲ့ Dr.Tim Bond က flavonoids ပါဝင်မှုဟာ လက်ဖက်ရည်ကို နာမကျန်းမှုတွေကနေ ကာကွယ်ပေးစေနိုင် တဲ့ သောက်စရာ ဖြစ်လာစေခဲ့ကြောင်း ပြောကြားထားပါတယ်။

လက်ဖက်ရည်ဆိုရာမှာ လက်ဖက်စိမ်းရည်ဟာ ကိုယ်ခန္ဓာရဲ့ ဇီဝ ဖြစ်ပျက်မှု ဖြစ်စဉ်များကို မြှင့်တင်ပေးနိုင်ပြီး အဆီဓာတ်ကို အူကနေ စုပ်ယူခြင်းကို တားဆီးပေးပါတယ်။ ဒါ့အပြင် ဖလူအိုရိုက် ပါဝင်တဲ့အတွက်လည်း လက်ဖက်စိမ်းရည်သောက်ရင် သွားဖုံးရေစီးကမ်းပြိုလိုက်ခြင်းကို ကာကွယ်ပေးပြီး အရိုးတွေကို သန်မာစေပါတယ် ။ နှလုံးရောဂါကို ကာကွယ် ပေးနိုင်ပြီး ဆီးကျိတ်ကင်ဆာနဲ့ ခံတွင်းကင်ဆာ ကိုလည်း ဖြစ်ပွားမှုနှုန်း လျော့ကျစေပါတယ်။

Credit:Health Updates Journal