ရထားပို့ဆောင်ရေးဝန်ကြီး စူရတ်ရှ်ပရာဘူ ရာထူးမှနုတ်ထွက်ပြီးနောက် ဝန်ကြီးသစ်အဖြစ် ပီရွတ်ရှ်ဂိုရယ်ဆောင်ရွက်

နယူးဒေလီ စက်တင်ဘာ ၎

အိန္ဒိယနိုင်ငံတွင် ရက်အနည်းငယ်အတွင်း ရထားလမ်းချော်တိမ်းမှောက်မှုကြီး နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ရထားပို့ဆောင်ရေး ဝန်ကြီး စူရတ်ရှ်ပရာဘူသည် ရာထူးမှ နုတ်ထွက်သွားခဲ့ကြောင်း သိရသည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီ၏ အစိုးရအဖွဲ့အတွင်းရှိ ဝန်ကြီးများအား အပြောင်းအလဲပြုလုပ်မှုအရ ယခုအခါ ရထားပို့ဆောင်ရေး ဝန်ကြီးသစ်အဖြစ် စွမ်းအင်၊ကျောက်မီးသွေးနှင့် သတ္တုတွင်းဆိုင်ရာ ပြည်နယ်ဝန်ကြီးဖြစ်သည့် ပီရွတ်ရှ်ဂိုရယ်က ရထားပို့ဆောင်ရေးဝန်ကြီးသစ်အဖြစ် တာဝန်ယူ ဆောင်ရွက်ရန် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။
ရာထူးမှနုတ်ထွက်သွားသည့် ဝန်ကြီးဟောင်းစူရတ်ရှ်ပရာဘူသည် ရထားပို့ဆောင်ရေးဌာနမိသားစုဝင်များ၏ ကူညီပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

အစိုးရအဖွဲ့ဝင် ဝန်ကြီးများအဖြစ် တိုးမြှင့်ခြင်းခံရသည့် ဂိုရယ်နှင့်တကွ အခြားသော ပြည်ထောင်စုဝန်ကြီးများအတွက်လည်း ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ၄င်းက ပြောကြားခဲ့သည်။

မိုဒီအစိုးရလက်ထက်တွင် စူရတ်ရှ်ပရာဘူပြီးနောက် ပီရွတ်ရှ်ဂိုရယ်သည် သုံးယောက်မြောက် ရထားပို့ဆောင်ရေး ဝန်ကြီးဖြစ်လာခဲ့သည်။

(အေပီ)