မိတ္ထီလာပြည်ခိုင်ဖြိုးပါတီမှ ကြားဖြတ်ရွေးချယ်ဖွဲ့စည်း

 

မိတ္ထီလာမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ် အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီခွဲမှစတင်ကာ မြို့နယ်တွင် လစ်လပ်နေသော ကော်မတီဝင်များအား ရွေးချယ်       တင်မြှောက်ကြသည်။

ရွေးချယ်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာမောင်သင်း၊ မန္တလေး တိုင်းဒေသကြီး ပါတီအတွင်းရေး မှူးဦးအောင်ကျော်မိုး၊ ဦးစိုးအောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)၊ ဦးစိုးသန်း(တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်)၊ တိုင်းဒေသကြီး ကော်မတီဝင်များ ဖြစ်ကြသော ဦးမိုးမြင့်သိန်း၊ ဦးရွှေနန်း၊ ဦးမျိုးမြင့်၊ ဒေါ်သန်းသန်းအေး၊ ခရိုင်ကော်မတီဝင်များ၊မြို့နယ်ကော် မတီဝင်များ၊ရပ်/ကျေးစည်းမှူးများ၊ ဒုစည်းမှူးများ စုစုပေါင်း အင်အား ၁၃ဝ တက်ရောက်ကြသည်။

Union daily