ရန်ကုန်အရှေ့ပိုင်း ပြည်ခိုင်ဖြိုးပါတီမှ ကြားဖြတ်ရွေးချယ်ပွဲ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်း၌ ယမန်နေ့ နံနက် ၁ဝနာရီတွင် လစ်လပ်သွားသောမြို့နယ်ပါတီကော်မတီဝင်သုံးဦး၏နေရာတွင်   ခြောက်ဦးအား အဆိုပြု/ထောက် ခံရွေးချယ်မှုပြုလုပ်ခဲ့သည်။

ယင်းကြားဖြတ်ရွေးချယ်ပွဲ မျက်နှာစုံညီအစည်းအဝေးသို့ ရွေးချယ်ရေးအဖွဲ့ခေါင်းဆောင် ဦးတင်အောင်(ပါတီဗဟိုကော်မတီဝင်)၊ ဦးစိန်မြင့်(ဥက္ကဋ္ဌ- အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီ)               ၊ဒေါ်အေးအေးမြင့် (ဘဏ္ဍာရေးမှူး)၊ ဒေါ်မေနွယ်စိုး (ဥက္ကဋ္ဌ-ဂီတအစည်းအရုံး)၊ ဦးခင် မောင်တင့် (ပါတီဝင်ဟောင်း)၊ ဒေါက်တာကျော်စိုး (လွှတ်တော် ကိုယ်စားလှယ်ဟောင်း)၊ ဦးဝင်းလှိုင် (ဥက္ကဋ္ဌ-မြို့နယ်ပြည်ခိုင်ဖြိုးပါတီ)၊ ဒေါ်လဲ့လဲ့အေး(အတွင်းရေးမှူး-မြို့နယ်ပါတီ)၊ ဒေါ်နှင်းအိအိခင် (ဘဏ္ဍာရေးမှူးမြို့နယ်ပါတီ)နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက် ခဲ့ကြပြီး လစ်လပ်သွားသော ကော်မတီဝင်သုံးဦးနေရာတွင် လျာထားခြောက်ဦးအား တက်ရောက် လာသောရပ်ကွက်စည်းမှူး၊တွဲဖက် စည်းမှူးများက အဆိုတင်သွင်းခြင်း၊ ထောက် ခံခြင်းများပြုလုပ် ရွေးချယ် ခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)