ကားလမ်းထက်တွင် ဇိမ်ခံရွက်လှေစီး နေရသကဲ့ သို့ရသကို ပေးစွမ်းမည့် မာစီဒီးကားသစ် FEATURED

ကားလမ်းထက်တွင် ဇိမ်ခံရွက်လှေစီး နေရသကဲ့ သို့ရသကိုပေးစွမ်းမည့် မာစီဒီးကားသစ် မာစီဒီးကားကုမ္ပဏီက နောက်ဆုံး ဖန်တီးထားသည့်ကားသည် မည်သည့်နေရာတွင် ရောက်ရှိ

နေသည်ဖြစ်စေ လည်ပြန်ငေးကြည့် ရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

အဆိုပါကားကို ဗီးရှင်းမာစီဒီး-မေဘိ ၆ ကာဘရီယိုလတ်ဟု အမည်ပေးထားပြီး ၎င်းသည် ဇိမ်ခံလှေကြီး တစ်စင်းကိုစီးနင်းရသည့် ရသကိုပေးစွမ်းနိုင်စေရန် တည်ဆောက်ထား ခြင်းဖြစ် သည့် အပြင် ပြောင်မြောက်သော တံခါးနှစ်ပေါက် ပါဝင်သည့် အမိုးဖွင့်ကား ပုံစံမျိုးဖြစ်သည်။ အရှည် ၅ ဒသမ ၇ မီတာနှင့် အကျယ် ၂ ဒသမ ၁ မီတာရှိသည့် အဆိုပါကားတွင် ၂၄ လက်မ အလွိုင်းဂွေများကိုတပ်ဆင်ပေး ထားပြီး ကြီးမားသည့်¤င်း၏ပုံစံကြောင့် ကား ပါကင်ထိုး ရန် အတွက် နေရာပို ယူမည် မှာ အသေ အချာပင်ဖြစ်သည်။

အဆိုပါကား၏ နောက်ပိုင်းပုံစံကို ဇိမ်ခံ သင်္ဘောတစ်စင်း၏ ကုန်းပတ်ကဲ့သို့ ဒီဇိုင်းရေး ဆွဲ ထားခြင်းဖြစ် သည်။ လျှပ်စစ်စွမ်းအင်သီးသန့်သာအသုံးပြုထားသော မြင်းကောင်ရေ ၇၄ဝ အားရှိသည့် အင်ဂျင်တပ်ဆင်ပေးထား သည့်အတွက် ၄ စက္ကန့်အတွင်း ၁ နာရီလျှင် ၆၂ မိုင် နှုန်းဖြင့် အမြန်နှုန်းမြှင့်တင်နိုင်ပြီး တစ်ကြိမ် အားသွင်းထားပါက မိုင် ၃၁ဝ အထိ မောင်း နှင်နိုင် သည်။ ¤င်း၏ထူးခြားချက်မှာ ကားစက်ဖုံးအောက် တွင် ညစာစားပွဲပြုလုပ်နိုင်သည့်ပစ္စည်းကိရိ ယာများ ထည့်သွင်းပေးထားခြင်းဖြစ်သည်။

ယင်းကိရိယာများတွင် ပန်းကန်ပြားများ၊ ဓာတ်ဘူးများ၊ စားပွဲ တင်ဇွန်း၊ ခက်ရင်း၊ ဓား၊ ထီးများနှင့် ဘီးတပ်အိတ်များ ပါဝင်သည်။ မာစီဒီးသည် အဆိုပါကားများကို လာမည့်နှစ်တွင် စတင်ထုတ်လုပ် သွားမည်ဖြစ်ပြီး တစ်စီး လျှင် ပေါင် ၂၆ဝဝဝဝ မှစ၍ကျသင့်မည် ဖြစ်သည်။

(မြ၀တီသတင်း)