DBS ဘဏ်၏ အွန်လိုင်းဘဏ်စနစ်ဖြင့် စင်ကာပူမှ မြန်မာသို့ငွေလွှဲနိုင်

13524336_1016352451812374_6485056897329663658_n

DBS ဘဏ်၏ အွန်လိုင်းဘဏ်စနစ်ဖြင့် စင်ကာပူမှ မြန်မာသို့ငွေလွှဲနိုင်ကြောင်း သမဝါယမဘဏ်မှ သိရသည်။

အဆိုပါ CB-DBS Bill Payment ၀န်ဆောင်မှုသည် သမ၀ါယမဘဏ်တွင်ဖွင့်ထားသော မည်သည့်အကောင့်ကို မဆို စင်ကာပူနိုင်ငံရှိ DBS ဘဏ်၏ Bill Payment ဝန်ဆောင်မှုကိုအသုံးပြုပြီး တိုက်ရိုက်ငွေလွှဲပေးပို့သော ၀န်ဆောင်မှုဖြစ်ကြောင်း၊ DBS ဘဏ်၏ အင်တာနက်ဘဏ်စနစ် (Internet Banking) နှင့် မိုဘိုင်းဘဏ်စနစ် (Mobile Banking) မှတစ်ဆင့် ၀င်ရောက်အသုံးပြုကာ မြန်မာနိုင်ငံရှိ သမ၀ါယမဘဏ် အကောင့်များသို့ ငွေလွှဲနိုင်ကြောင်း သိရသည်။

တစ်ရက်လျှင်အနည်းဆုံး စင်ကာပူဒေါ်လာ ၁၀၀ မှ အများဆုံး ၅,၀၀၀ အထိလွှဲပို့နိုင်ကြောင်း၊ ငွေရောက်လာမည့်နေ့၏ သမ၀ါယမဘဏ် နေ့စဉ်ငွေလဲနှုန်းဖြင့် တွက်ချက်ကာ အကောင့်ထဲသို့ မြန်မာကျပ်ငွေထည့်သွင်းပေးမည်ဖြစ်ကြောင်း သိရသည်။ ငွေလွှဲဝန်ဆောင်ခ စင်ကာပူ ၅ ဒေါ်လာကျသင့်မည်ဖြစ်ကြောင်း သိရသည်။ ငွေလက်ခံရရှိရန် တစ်ရက် ကြာမြင့်မည်ဖြစ်ကြောင်း၊ ရုံးပိတ်ရက်များကို ထည့်သွင်းတွက်ချက်မည်မဟုတ်ကြောင်း သိရသည်။ သမ၀ါယမဘဏ် တွင် စာရင်း ဖွင့်ထားသူမည်သူမဆို အဆိုပါငွေလွှဲခြင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။ ငွေလွှဲမည့်သူသည် DBS ဘဏ်သို့ သွားရောက်၍ Bill Payment ၀န်ဆောင်မှုဖြင့် သမ၀ါယမဘဏ်စာရင်းသို့ ငွေလွှဲခြင်း သို့မဟုတ် DBS Mobile သို့မဟုတ် Internet Banking Platform သုံး၍ ငွေလွှဲနိုင်ကြောင်း၊ ငွေလွှဲမည့်သူ အ နေဖြင့် Bill Payment Service တွင် CB Bank ကို ရွေးချယ်ရမည်ဖြစ်ကြောင်း သိရသည်။

ငွေလွှဲသည့်အခါ သမ၀ါယမဘဏ်အကောင့်နံပါတ် ၁၆ လုံးရှိသည့် စာရင်း (T24) ကို လွှဲရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဝန်ဆောင်မှုကို စင်ကာပူနိုင်ငံရှိ DBF ဘဏ်နှင့် သမ၀ါယမဘဏ်တို့ ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်သည် ဟုသိရသည်။


Leave a Reply