အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကွင်းဆင်းစည်းရုံး

 

ရန်ကုန်မြောက်ပိုင်းခရိုင်အင်းစိန် မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်း လှိုင်၊ အင်းစိန်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင့်လွင်၊ ရပ်ကွက်တာဝန်ခံနှင့် ရပ်ကျေးပါတီခေါင်းဆောင်များသည် ယမန်နေ့နံနက်ပိုင်းက အင်းစိန် မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၂၁)ရပ်ကွက်သို့ အပိုင်းလိုက်အဖွဲ့ ၁၂ ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်း ပါတီဝင်အိမ်များသို့ ပါတီဝင်များ တိုက်ဆိုင်စစ်ဆေးခြင်း၊ ပါတီ နှစ်စဉ်ကြေးကောက်ခံခြင်း၊ ပါတီ ဝင်သစ်များ တိုးတက်ရရှိရေးတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒေါ်သင်းသင်း လှိုင်(မြောက်ပိုင်းခရိုင် အင်းစိန်မြို့ နယ်တာဝန်ခံ)နှင့် အင်းစိန်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးတင့်လွင်၊ ရပ်ကွက် တာဝန်ခံ၊ ရပ်ကျေးပါတီဝင်များ သည်အင်းစိန်မြို့နယ် စဥ့်ငူရပ်ကွက် (၂)လမ်း ငါးခန်းတွဲတွင် ပါတီဝင် များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ဆွေး နွေးခဲ့ကြကြောင်း သိရသည်။

ဖိုးချို(ယူနီယံ)