ဝှိုက်ဟတ်လိန်း နှုတ်ဆက်ပွဲတွင် သီးသန့်ဝတ်စုံဖြင့် စပါးအသင်း ယှဉ်ပြိုင်ကစားမည်

စပါးအသင်းသည် အိမ်ကွင်းနောက်ဆုံးပွဲအဖြစ် မန်ယူအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် သီးသန့်ဝတ်စုံဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စပါးအသင်းသည် ကွင်းသစ်တည်ဆောက်မှုစီမံကိန်းအရ လာမည့်ရာသီတွင် ၀ှိုက်ဟတ်လိန်းကွင်း၌ လက်ခံ ကစားနိုင်တော့မည်မဟုတ်သည့်အတွက် မန်ယူနှင့်ပွဲမှာ ၀ှိုက်ဟတ်လိန်းနှုတ်ဆက်ပွဲလည်း ဖြစ်နေသည်။

နှစ်ပေါင်း(၁၁၈)နှစ်ကြာ အသုံးပြုခဲ့သည့် ၀ှိုက်ဟတ်လိန်းကွင်းကို စွန့်ခွာရတော့မည်ဖြစ်သည့်အတွက် အထူး အစီအစဉ်များ ပြုလုပ်ထားကြောင်းလည်း သိရှိရသည်။

မန်ယူနှင့်ပွဲတွင် ၀ှိုက်ဟတ်လိန်း နှုတ်ဆက်ပွဲဖြစ်ကြောင်း စာတန်းရေးထိုးထားသည့် သီးသန့်ဝတ်စုံဖြင့် ယှဉ်ပြိုင် သွားမည်ဖြစ်သလို၊ အမှတ်တရ ၀ယ်ယူသိမ်းဆည်းလိုသည့် ပရိသတ်များအတွက် Special Edition အကန့် အသတ်ဖြင့် ထုတ်လုပ်ရောင်းချသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ထို့ပြင် ယင်းပွဲတွင် ၀တ်ဆင်ကစားခဲ့သည့် အင်္ကျီများကို ကစားသမားများက လက်မှတ်ရေးထိုး၍ လေလံတင် ရောင်းချသွားမည်ဖြစ်ပြီး ရရှိသည့်ငွေကြေးများကို စပါးအသင်းတည်ထောင်ထားသည့် ဖောင်ဒေးရှင်း ရန်ပုံငွေ အဖြစ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: Skysports