ရုပ်/သံဝင်ငွေကြောင့် ပရီးမီးယားလိဂ်ပွဲများမဖြစ်မနေ ပြန်ကစားရမယ့်အခြေအနေဖြစ်နေ

ပရီးမီးယားလိဂ်အသင်းတွေဟာ ရုပ်/သံကုမ္ပဏီတွေဆီက ပေါင်သန်း(၇၅၀)ရဖို့အတွက် လက်ကျန်ပွဲအားလုံးကို မဖြစ်မနေကစားရဖို့ရှိနေပါတယ်။ ပရီးမီးယားလိဂ်အကြီးအကဲတွေ၊ ကလပ်အသင်းကိုယ်စားလှယ်တွေနဲ့ BT Sport၊ Sky Sportsရုပ်/သံကုမ္ပဏီကြီးတွေဟာ မကြာခင် သီးခြားအစည်းအဝေးပွဲကျင်းပမယ်လို့ မျှော်လင့်ရပါတယ်။ ရုပ်/သံဝင်ငွေခွဲတမ်းတွေအရ ပရီးမီးယားလိဂ်အသင်းတိုင်းဟာ ဒီရာသီမှာ တစ်သင်းကို ပေါင်(၃၇)သန်းစီရဖို့ ရှိပါတယ်။ ဒါပေမယ့်လုံလောက်တဲ့ပွဲအရေအတွက် ထုတ်လွှင့်ခွင့်မရရင်တော့ တစ်သင်းကို ပေါင်(၃၇)သန်းစီ ပေးမယ့်အစီအစဉ်ကို ရုပ်/သံကုမ္ပဏီတွေဘက်က ပယ်ဖျက်ဖို့ တောင်းဆိုဖွယ်ရှိနေပါတယ်။ ဒါကြောင့် လတ်တလော ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေပေမယ့် ထိန်းချုပ်နိုင်တဲ့အဆင့်တစ်ခုကို ရောက်ရင် အရင်ကွင်းပိတ်ပြီး ပရီးမီးယားလိဂ်ပွဲတွေ စတင်ကစားရဖို့ရှိနေပါတယ်။ Skysports