တမူးပြည်ခိုင်ဖြိုး ခရိုင်/မြို့နယ်/ရပ်ကျေးကော်မတီဝင်များ တွေ့ဆုံ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ခရိုင်/မြို့နယ်/ရပ်ကျေး ပါတီကော်မတီဝင်များ တွေ့ဆုံပွဲကို (၈-၅-၂၀၁၇) ရက်နေ့ နံနက် (၁၁) နာရီက ရွှေခြင်္သေ့ခန်းမတွင် ကျင်းပရာ ပါတီလုပ်ငန်း ဆိုင်ရာများ ဆွေးနွေးကြပြီး ခရိုင်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေထံ တက်ရောက်လာသော ကျေးရွာများမှ ပါတီဝင် (၅၀)ဦးတို့အတွက် ပါတီဝင် နှစ်စဉ်ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

Khin Maung Shwe