မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နှင့် ခရိုင်၊ မြို့နယ် ပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၁၇ခုနှစ် မေလ ၉ ရက်နေ့ ယနေ့ နံနက် ၁၁း၅၀ နာရီအချိန်တွင် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားရာတွင် ကျင်းပခဲ့ပြီးသော ပါတီဗဟိုအလုပ်အမှုဆောင် အစည်း အဝေးမှ ချမှတ်ခဲ့သောလုပ်ငန်းစဉ်များ၊ ဗဟိုဥက္ကဋ္ဌကြီး၏ လမ်းညွှန်ချက်များ၊ ရှေ့ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားပြီး၊ ပြည်နယ် ပါတီအတွင်းရေးမှူးမှ မွန်ပြည်နယ်ပါတီ၏ ဆောင်ရွက်ချက်များ၊ ရှေ့ဆောင် ရွက်မည့်လုပ်ငန်းများ၊ ခရိုင်၊ မြို့နယ်များမှ ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆွေးနွေးပါသည်။

ထို့နောက် ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌများမှ မိမိတို့မြို့နယ်၏ အခြေအနေ ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးကြသည်။

တင်ပြဆွေးနွေးမှုများအပြီးတွင် ဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ တင်ပြချက်များအား ပြန်လည်ဖြည့်စွပ်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကြောင်းသိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ အဆိုပါ အစည်းအဝေးသို့ ပါတီဗဟို အလုပ်အမှုဆောင် မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ပြည်နယ် ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင် ၂ ရိုင်မှ ခရိုင်ဥက္ကဋ္ဌများ၊ မြို့နယ်ပါတီဥက္ကဋ္ဌများ စုံလင်စွာတက်ရောက်ကြ ကြောင်း သိရှိရပါသည်။

#Ayemintun