ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေရှားပါးသည့်ကျေးရွာများတွင်ရေလှူဒါန်း

Hta We`

တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်ခရိုင်တွင် နွေရာသီရောက်တိုင်း သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် စေတနာရှင်များက နေ့စဉ်နီးပါး သောက်သုံးရေ သွားရောက်လှူဒါန်းပေးလျက်ရှိရာ ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လည်း ကျေးရွာငါးရွာသို့ ရေလှူဒါန်းပေးလျက်ရှိသည်။

ယခုလ ၁၇ ရက်မှ ၁၉ ရက် အထိ ကျေးရွာအုပ်စုတစ်စုလျှင် ရေဂါလန် ၁၆ဝဝ ဆံ့ ရေတိုင်ကီများဖြင့် တစ်နေ့လျှင်နှစ်ခေါက်နှုန်း ဖြန့်ဝေလှူဒါန်းခဲ့သည်။ ကျေးရွာအုပ်စုငါးစုမှ အိမ်ထောင်စုပေါင်း ၅ဝဝဝ ကျော်ကို ရေဂါလန်ပေါင်း ၁၆ဝဝဝ ဖြန့်ဝေလှူဒါန်းခဲ့ပြီး ဖြစ်သည်။

ထားဝယ်မြို့နယ်တွင် ကျောက်ရပ်၊ ကူးတို့၊ ကနိုင်းဒါ၊ ရှင်မုတ္ထီးနှင့် ရောင်းမော်ကျေးရွာ အုပ်စုများမှာ မိုးမရွာပါက နှစ်စဉ် ရေရှားလျက်ရှိရာ ယခုလ ၂၁ ရက် အထိ ဆက်လက်လှူဒါန်းပေးမည် ဖြစ်သည်။ ထိုသို့လှူဒါန်းရာတွင် မြို့နယ်ပါတီအတွင်းရေးမှူးဦးအောင် စိန်၊ မြို့နယ်ပါတီကော်မတီဝင်ခုနစ် ဦးနှင့် ရပ်/ကျေးပါတီဝင် ၁ဝ ဦး တို့က လိုက်ပါကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ပြုံးချို(ထားဝယ်)


Leave a Reply