ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်အကြိုညီလာခံ နှီးနှောဖလှယ်ပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မိုင်းခတ်မြို့နယ် လူငယ်အကြိုညီလာခံနှီးနောဖလှယ်ပွဲအခမ်းအနားကို ဧပြီလ(၁၀)ရက်နေ့ နံနက်(၉:၃၀)ချိန်တွင် မိုင်းခတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့ပါသည်။အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းမုန့် ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစဲကီကော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအားမဲ၊ မြို့နယ်အတွင်းရေးမှူး ဦးဇော်သုလွင် နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်၊၊ ရှေ့ဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းမုန့်က အမှာစကားပြောကြားပြီး၊ လူငယ်တာဝန်ခံကိုယ်စား မြို့နယ်ပါတီအတွင်းရေးမှူး ဦးဇော်သုလွင်မှ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းပြခဲ့ပါသည်။