ခရိုင်ပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့ ကျေးရွာပါတီခေါင်းဆောင်များနှင့် ကွင်းဆင်းတွေ့ဆုံ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တာချီလိတ်ခရိုင် ပါတီဥက္ကဌ ဦးဘိုစံ နှင့် မြို့နယ်ကော်မတီဝင် များဖြစ်ကြသည့် ဦးစိုးကျော်အောင်၊ ဦးဘိုဘိုမောင်၊ ဦးထက်အောင် တို့သည် (၃၀-၄-၂၀၁၇) ရက်နေ့ နံနက် (၈) နာရီအချိန်က မိုင်းဟဲ (အောက်) အုပ်စု၊ ကျောက်လှိုင်ဂူ (အောက်) ရွာသို့ သွားရောက်၍ ကျေးရွာပါတီခေါင်းဆောင် များနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် ခရိုင်ပါတီဥက္ကဋ္ဌမှ လက်ရှိပါတီအခြေအနေများ ရှေ့ဆောင်ရွက်မည့် ပါတီလုပ်ငန်း အခြေအနေများ ရှင်းလင်းခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးခြေအနေနှင့် လိုအပ်သည်များကို ဆွေးနွေးပြီး ပါတီဦးထုပ်များ၊ ပြည်ထောင်စုနေ့စဉ် သတင်းစာများ၊ ရှေ့ဆောင်ဂျာနယ် များကို ပေးအပ်ရာ ပါတီခေါင်းဆောင် ဦးယာဖူ၊ ဦးချစ်ခန့်၊ ဦးလီဖူတို့မှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းသတင်းစုံ