နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြ ( ဆင့်ပွား) သင်တန်း ဖွင့်လှစ်

 

၂ – ၅ -၂၀၁၇ ရက်နေ့တွင် တောင်ငူခရိုင်ပြည်ခိုင်ဖြိုးပါတီက ကျင်းပ ပြုလုပ်သော နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြ (ဆင့်ပွား) သင်တန်းကို ဖွင့်လှစ် ခဲ့ရာ တိုင်းပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ ပြီး သင်တန်းနည်းပြ ရေတာရှည်မြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်းက သင်တန်းတွင်ပို့ချဆွေးနွေးမည့်အကြောင်းအရာများ ရှင်းလင်းပြောကြား ခြင်း ၊ တောင်ငူခရိုင် ပါတီဥက္ကဋ္ဌ ဦးတင်စိုးက သင်တန်းဖွင့်လှစ်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်အနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ တောင်ငူခရိုင် ကော်မတီဝင်များ နှင့် တောင်ငူခရိုင် အတွင်းရှိ ရေတာရှည်၊ တောင်ငူ၊ ထန်းတပင်၊ အုတ်တွင်း၊ ဖြူး ၊ ကျောက်ကြီးမြို့နယ်များက ဥက္ကဋ္ဌ ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

Usdp Yedashe