ျပည္ခိုင္ၿဖိဳးပါတီ (၁၂)ႀကိမ္ေျမာက္ ပါတီတြင္းေဆြးေႏြးပြဲျပဳလုပ္

ဒီဇင္ဘာ ၂၀၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီမွ ပါတီတြင္းေဆြးေႏြးပြဲကို အပတ္စဥ္ ဗုဒၶဟူးေန႔ နံနက္ပိုင္း၌ ျပဳလုပ္လၽွက္ရွိရာ (၁၂)ႀကိမ္ေျမာက္ေဆြးေႏြးပြဲကို ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလ ၂၀ ရက္ေန႔၊ (၀၉၃၀)အခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ ျပဳလုပ္ခဲ့ပါသည္။
(၁၂)ႀကိမ္ေျမာက္ေဆြးေႏြးပြဲတြင္ ျပည္သူ႔ဆက္ဆံေရးဌာနႀကီးမွ တာဝန္ခံဗဟိုအတြင္းေရးမႉး ဦးပိုက္ေထြးက “ျပည္သူ႔ဆက္ဆံေရးႏွင့္ မီဒီယာ” ေခါင္းစဥ္ျဖင့္ ဦးေဆာင္ေဆြးေႏြးခဲ့ၿပီး တက္ေရာက္လာၾကေသာ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ားက အႀကံျပဳတင္ျပခ်က္မ်ား၊ သိရွိလိုသည္မ်ားႏွင့္ လိုအပ္သည္မ်ားအား အႀကံျပဳ၊ ေမးျမန္း၊ ေဆြးေႏြးခဲ့ၾကပါသည္။
၎ေနာက္ ဒုတိယဥကၠ႒မ်ားျဖစ္ၾကေသာ ဦးျမတ္ဟိန္း၊ ဦးမ်ိဳးေဇာ္သိန္းတို႔မွ ​ျပည္သူ႔ဆက္ဆံေရးဌာနႀကီး၏ ေဆြးေႏြးမႈမ်ားႏွင့္ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၏ တင္ျပေဆြးေႏြးခ်က္မ်ားအေပၚ လိုအပ္ခ်က္မ်ားႏွင့္ လုပ္ေဆာင္ရန္အခ်က္မ်ားအား ျဖည့္စြက္ေဆြးေႏြးခဲ့ၾကပါသည္။
ထို႔ေနာက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဥကၠ႒ ဦးခင္ရီက နိဂုံးခ်ဳပ္အမွာစကားေျပာၾကားရာ “ပါတီတစ္ခုတြင္ ျပည္သူ႔ဆက္ဆံေရးက႑ဆိုင္ရာလုပ္ငန္းမ်ားမွာ လြန္စြာအေရးပါေၾကာင္း၊ မိမိပါတီ၏လုပ္ေဆာင္ခ်က္မ်ားကို အမ်ားျပည္သူသိရွိေစရန္ မီဒီယာက႑ျဖင့္ ေဆာင္ရြက္ရန္လိုေၾကာင္း၊ ေခတ္ႏွင့္အညီေျပာင္းလဲေနေသာ နည္းပညာရပ္မ်ားကိုလည္း စဥ္ဆက္မျပတ္ေလ့လာေနဖို႔လိုအပ္ေၾကာင္း ” ႏွင့္ ပါတီ၏ ျပည္သူ႔ဆက္​ဆံေရးႏွင့္ မီဒီယာ ေဆာင္ရြက္ခ်က္မ်ားအား ရွင္းလင္းေျပာၾကားခဲ့ၿပီး ေဆြးေႏြးပြဲအခမ္းအနားကို (၁၂၃၀)အခ်ိန္တြင္ ေအာင္ျမင္စြာ႐ုတ္သိမ္းခဲ့ပါသည္။
(၁၂)ႀကိမ္ေျမာက္ ပါတီတြင္းေဆြးေႏြးပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးမ်ိဳးေဇာ္သိန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား၊ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကပါသည္။

===============

ပြည်ခိုင်ဖြိုးပါတီ (၁၂)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲပြုလုပ်

ဒီဇင်ဘာ ၂၀၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီတွင်းဆွေးနွေးပွဲကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း၌ ပြုလုပ်လျှက်ရှိရာ (၁၂)ကြိမ်မြောက်ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့၊ (၀၉၃၀)အချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ပြုလုပ်ခဲ့ပါသည်။
(၁၂)ကြိမ်မြောက်ဆွေးနွေးပွဲတွင် ပြည်သူ့ဆက်ဆံရေးဌာနကြီးမှ တာဝန်ခံဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက “ပြည်သူ့ဆက်ဆံရေးနှင့် မီဒီယာ” ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များက အကြံပြုတင်ပြချက်များ၊ သိရှိလိုသည်များနှင့် လိုအပ်သည်များအား အကြံပြု၊ မေးမြန်း၊ ဆွေးနွေးခဲ့ကြပါသည်။
၎င်းနောက် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိန်းတို့မှ ​ပြည်သူ့ဆက်ဆံရေးဌာနကြီး၏ ဆွေးနွေးမှုများနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၏ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်ချက်များနှင့် လုပ်ဆောင်ရန်အချက်များအား ဖြည့်စွက်ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီက နိဂုံးချုပ်အမှာစကားပြောကြားရာ “ပါတီတစ်ခုတွင် ပြည်သူ့ဆက်ဆံရေးကဏ္ဍဆိုင်ရာလုပ်ငန်းများမှာ လွန်စွာအရေးပါကြောင်း၊ မိမိပါတီ၏လုပ်ဆောင်ချက်များကို အများပြည်သူသိရှိစေရန် မီဒီယာကဏ္ဍဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ခေတ်နှင့်အညီပြောင်းလဲနေသော နည်းပညာရပ်များကိုလည်း စဥ်ဆက်မပြတ်လေ့လာနေဖို့လိုအပ်ကြောင်း ” နှင့် ပါတီ၏ ပြည်သူ့ဆက်​ဆံရေးနှင့် မီဒီယာ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဆွေးနွေးပွဲအခမ်းအနားကို (၁၂၃၀)အချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။
(၁၂)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။