မကွေးခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ လင်းဒလူးကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်တွေ့ဆုံ

 

နတ်မောက် ဇွန် ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသ ကြီး မကွေးခရိုင်ဥက္ကဋ္ဌဦးထွန်းရှိန်၊ ခရိုင်ကော်မတီဝင်များ၊ ဦးသိန်းအေး နတ်မောက်တာဝန်ခံ၊ ဦးတင်မြင့်လှိုင် စီးပွားရေးတာဝန်ခံ နတ်မောက် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုး၊ မြို့နယ်ပါတီကော် မတီဝင်များ၊ ဦးထွန်းမှီ၊ ဦးသန်းပြုံးနှင့်ဦးမြင့်ဌေးတို့သည်၊ လင်း ဒလူးကျေးရွာပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော် ဆောင်များနှင့် ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် လင်းဒလူးဘုန်းတော် ကြီးကျောင်း၌ တွေ့ဆုံခဲ့သည်။

မြို့နယ်ပါတီဥက္ကဋ္ဌက တက်ရောက်လာသူတို့အား ခရိုင်၊ မြို့ နယ်မှဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် မိတ်ဆက်စကားပြောကြားခဲ့ သည်။ ခရိုင်ဥက္ကဋ္ဌ ဦးထွန်းရှိန်က ဒေသခံပြည်သူများနှင့်အတူ ပါတီ ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်တို့အား ရင်းနှီးပွင့်လင်းစွာ ဆက်ဆံခဲ့သည်။ ဆက်လက်ပြီး ဒေသခံများ တင်ပြသည်များကို ရှင်လင်းပြောကြားခဲ့သည်။

ခရိုင်ကော်မတီဝင် နတ်မောက်ပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ဦးသိန်း အေးက ပါတီဝင်တိုးပွားရေး၊ ၂ဝ၂ဝ ပြည့်နှစ် အနိုင်ရရေးကို ဆက် လက်ဆောင်ရွက်ရမည်ကို ပြောကြားကာ အစိုးရမူလတန်းကျောင်း ဆောင်သစ်ကို ဒေသခံများ ကိုယ်ထူကိုယ်ထဆောက်လုပ်ထားသည် ကိုကြည့်ရှုခဲ့ရာ လိုအပ်သည့်ငွေကြေးများကို စာရင်းတွက်ချက် တင်ပေးပြီး ဒေသခံများနှင့် ပူးပေါင်းပါဝင်လှူဒါန်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇော်လတ်မိုးက ပါတီဝင်က မိမိတို့ ဒေသရှိ ဒေသခံများ၏ လိုအပ်ချက်များကို တတ်နိုင်သမျှကူညီကြ ရန်နှင့် လိုအပ်ပါက မြို့နယ်သို့ တင်ပြပေးရန် မိမိတို့ ပါတီဝင် အချင်းချင်း စည်းလုံးညီညွတ်ရန်လိုအပ်ပါကြောင်း စသည်ဖြင့် မှာကြားခဲ့သည်။

ထွန်းမှီ(နတ်မောက်)