ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဦးဝေလွင် ပျဉ်းမနားမြို့နယ် အရှေ့ဘက်ခြမ်း တောင်ပေါ်ဒေသကျေးရွာများသို့ ကွင်းဆင်းတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဦးဝေလွင်၊အတွင်းရေးမှူး ဦးဌေးဝင်း၊ ကော်မတီဝင် ဒေါ်သီတာထွေး၊ ဦးဝင်းမြင့်၊ ခရိုင်ပါတီဥက္ကဌ ဦးအောင်နိုင်ဦး၊ ကော်မတီဝင် ဒေါ်ဖြူဖြူကျော်၊ ဦးတင်ဦး၊ပျဉ်းမနားမြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် အတွင်းရေးမှူး ဦးဇော်တူးအောင်၊ တောင်ပေါ်ဒေသနယ်မြေတာဝန်ခံ ဦးလင်းလင်းမောင်နှင့်ကော်မတီဝင်များ၊ လူငယ်ပါတီဝင်များအဖွဲ့သည် ယမန်နေ့ နံနက် ၇နာရီခွဲ အချိန်မှစတင်ထွက်ခွာ၍ ပျဉ်းမနားမြို့နယ် အရှေ့ဘက်ခြမ်း တောင်ပေါ်ဒေသရှိ ဘန့်ဘားအုပ်စု အောင်ဘိတ်သိတ်ကျေးရွာ၊ ပြည်ထောင်ကိုးအုပ်စု ကိုးရွာနှင့် ပြဒါးချောင်းကျေးရွာများသို့ သွားရောက်ပြီး ဒေသခံပြည်သူများ၊ ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံ နှုတ်ဆက်ခဲ့ကြပါသည်။
ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဦးဝေလွင် ဦးဆောင်သောအဖွဲ့သည် မိုးထဲရေထဲကကြားမှပင် ကျေးရွာများသို့ အရောက်သွားကာ ဘန့်ဘားအုပ်စု အောင်ဘိတ်သိတ်ကျေးရွာတွင် နံနက် ၉နာရီ အချိန်ကလည်းကောင်း၊ ပြည်ထောင်ကိုးအုပ်စု ကိုးရွာတွင် နံနက် ၁၁နာရီအချိန်ကလည်းကောင်း ကျေးရွာရှိ မိဘပြည်သူများ၊ ပါတီဝင်များ၊ ကျောင်းသား ကျောင်းသူလေးများနှင့် တွေ့ဆုံနှုတ်ဆက်စကားပြောခြင်း၊ စာအုပ်စာတမ်းများ/ မိုးကာအင်္ကျီများ၊ ရှပ်အင်္ကျီများ ပေးအပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသူများနှင့် အပြန်အလှန် ရင်းရ င်းနှီးနှီးဆွေးနွေးခဲ့ကြပါသည်။
နေ့လည်ပိုင်းတွင် ပြည်ထောင်ကိုးအုပ်စု ပြဒါးချောင်းကျေးရွာသို့ ဆက်လက်သွားရောက်ကာ ဒေသခံပြည်သူများ၊ ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံကာ အပြန်အလှန် ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြပြီး ပြဒါးချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်ရန်အတွက် ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဦးဝေလွင်မှ အလှူငွေ (၃)သိန်းကျပ် ထည့်ဝင်လှူဒါန်းခဲ့ပါသည်။ဆက်လက်ပြီး ပြည်ထောင်စုနယ်မြေပါတီဥက္ကဌ ဦးဝေလွင်သည် ၄င်းစစ်တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ်က တည်ထားကိုးကွယ်ခဲ့သော မဟာဝေပုလ္လစေတီမြတ်ထံသို့လည်း သွားရောက်ဖူးမြှော်ခဲ့ပြီး ဆရာတော်ဘုရားထံသို့ နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်း သိရှိရပါသည်။

ပျဉ်းမနား ပြည်ခိုင်ဖြိုး ပါတီ