လှိုင်မြို့နယ် အောင်နိုင်ရေးကော်မတီများ တွေ့ဆုံညှိနှိုင်း

 

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆) အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေးအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြသော လှိုင်မြို့နယ်အောင်နိုင်ရေးကော်မတီများ၊ နယ်မြေတာဝန်ခံများ၊ လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့် လှိုင်မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌ ဦးမင်းလွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက မြို့နယ်ပါတီကော်မတီရုံးတွင် တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာ၌ ယခုအချိန်အထိ ဆောင်ရွက်ခဲ့သည့်လုပ်ငန်း များ မဲပေးမည့်ရက်မတိုင်မီအချိန်ထိ ခွဲဝေတာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တွေ့ဆုံညှိနှိုင်း၍ တာဝန်ခွဲဝေပေးအပ် ခဲ့ကြောင်း သိရသည်။

ငါးကလေး(လှိုင်)