ကိုယ်ဝန်ဆောင်ချိန်အတွင်း အုန်းရည်သောက်ခြင်း၏ ကောင်းကျိုးများ ..!

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုနေ့စဉ် အနည်းဆုံး တစ်ကြိမ် အုန်းရည်သောက်ဖို့ ဆရာဝန်တွေက အကြံပြုလေ့ရှိပါတယ်။ အုန်းရည်မှာ ဓာတ်ဆားအများအပြား ပါဝင်ပါတယ်။ ပိုတက်စီယမ်၊မဂ္ဂနီဆီယမ်နဲ့ ကလိုရိုက်တို့လို သတ္တုဓာတ်အများအပြားလည်း ပါဝင်နေသလိုခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆိုဒီယမ်နဲ့ သကြားလည်း ပါဝင်ပါတယ်။ ဒါ့အပြင်အမျှင်ဓာတ်၊ ရိုင်ဘိုဖလေဗင်၊ ကယ်လ်စီယမ်၊ မဂ္ဂနိစ်နဲ့ ဗီတာမင်စီ တို့လည်း ပါဝင်နေပါတယ်။

(၁) အုန်ရည်သောက်တာကြောင့် အစာအိမ်ကို သန့်စင်စေပါတယ်။ အကြောင်းကတော့ ဝမ်းချုပ်တာကို တွန်းလှန်နိုင်လို့ပါ။ ဝမ်းချုပ်တာက ကိုယ်ဝန်ဆောင်ချိန်အတွင်း အဖြစ်များတဲ့ ကျန်းမာရေးပြဿနာဖြစ် တာကြောင့် အုန်းရည် ပုံမှန်သောက်ရင် ဝမ်းမှန်မှန်သွားစေပါတယ်။

(၂) ကိုယ်ဝန်ဆောင်ချိန်အတွင်းနောက်ထပ် အဖြစ်များတဲ့ပြဿနာကအစာမကြေတာပါ။ အုန်းရည်က အစာကြေညက်မှုကို အားပေးတာကြောင့် ဒီဝေဒနာကိုလည်း ကင်းစင်စေပါတယ်။

(၃)  အုန်းရည်သောက်တာကြောင့်အက်စစ်ဆန်တက်မှုကို သက်သာစေပြီး ရင်ပူနာမဖြစ်အောင် ကာကွယ် ပေးပါတယ်။

(၄) အုန်းရည်မှာ ဖန်းဂပ်စ်၊ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တို့ကို ဟန့်တားပေးနိုင်စွမ်းရှိတဲ့ လောရစ်အက်စစ် ပါဝင်ပါတယ်။ အုန်းရည်သောက်ရင် အမျိုးမျိုးသော ပိုးမွှားတွေကို တွန်းလှန်ပေးနိုင်ရုံသာမက မိခင်ရဲ့ ကိုယ် ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပြီး ကြီးထွားနေတဲ့ သန္ဓေသားကိုလည်း ကျန်းမာစေပါတယ်။

(၅) အုန်းရည်သောက်တာကြောင့် ကိုယ်တွင်းအဆိပ်တွေ ကင်းစေပြီး ဆီးလမ်းကြောင်းကို သန့်စင်စေပါ တယ်။ ကိုယ်ဝန်ဆောင်ချိန်အတွင်း အမျိုးသမီးအများစုက ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာကို ခံစားရ တတ်ပါတယ်။ အုန်းရည်ကို နေ့စဉ်သောက်ပါက ဆီးလမ်းကြောင်းဝေဒနာကို လျော့ကျစေ ပါတယ်။

(၆)  အုန်းရည်သောက်တာကြောင့် ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးကာ မောပန်းနွမ်းနယ်မှုမဖြစ်
အောင် ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်က လိုအပ်နေတဲ့ရေဓာတ်နဲ့သတ္တုဓာတ်တွေကို ပြန်လည်ဖြည့် တင်းပေးနိုင်ပါတယ်။

(၇) အုန်းရည်သောက်တာကြောင့် ခန္ဓာကိုယ်ကို အေးမြစေပြီး ကိုယ်အပူချိန်ကိုထိန်းထားပေးနိုင်ပါတယ်။