ရေသောက်သုံးခြင်းက ဦးနှောက်ကို များစွာအကျိုးပြု

Water-Drinking-woman

ရေသောက်သုံးခြင်းက လူသားတွေရဲ့ အတွေးနဲ့စိတ်အာရုံကို လန်းဆန်းစေပြီး ပြဿနာတွေကိုဖြေရှင်းရာမှာ ပိုပြီး စိတ်အေးအေးနဲ့ ရလဒ်ကောင်း အောင် ဖြေရှင်း နိုင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် လူတွေဟာ ရေဆာလောင်နေရင် အခက်အခဲ ၊ ပြဿနာများကို ဖြေရှင်းရာမှာ နှေးကွေးလေ့ရှိပြီး ရေဆာပြေချိန်တွင် ဌင်းတို့ ၏စိတ်အာရုံမှာ လန်းဆန်း လာသောကြောင့် အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းရာတွင် ထက်မြက်လာတာဖြစ်တယ်လို့ သုတေသီတွေ က ကောက်ချက်ဆွဲခဲ့တာပါ။

ဒါ့အပြင် ရေကိုလုံလောက်စွာ သောက်သုံးမှုမရှိတာဟာ လူသားတွေရဲ့ တွေးခေါ်လုပ်ဆောင်မှုကို ပိုပြီးခက်ခဲ့စေ တယ်လို့ သိရပါတယ်။ သုတေသီများ၏ လေ့လာ စမ်းသပ်မှု့ မှာတော့ စက်ဘီးကို နာရီဝက်ကြာစီးနှင်းခဲ့ကြသည့် ဆယ်ကျော်သက်များ၏ ဦးနှောက်ကိုစကင်ဖတ်၍ စစ်ဆေးခြင်းနှင့် ဌင်းတို့၏ ချွေးထွက်မှုပမာဏကို လေ့လာခဲ့ကြ ပါတယ်။
ဒီလို လေ့လာရာမှာတော့ ချွေးထွက်မှု ပမာဏများပြားသူများ၏ ဦးနှောက်အတွင်းရှိ တစ်သျှုးများသည့် ရှု့ံသွားတာကို တွေ့ခဲ့ရပါတယ်။ အဲ့အချိန်မှာ  ရေတစ်ခွက် သို့ မဟုတ် နှစ်ခွက်သောက်သုံးပြီးချိန်တွင် ဌင်းတို့ ၏ ဦးနှောက်များမှာ မူလအနေအထားကို ပြန်ပြီးရောက်ရှိသွားတယ်လို့ သိရပါတယ်။ သုတေသီတွေရဲ့ အဆိုအရ မိနစ် ၉၀ ကြာပုံမှန် ချွေးထွက်နေမည်ဆိုပါက ဦးနှောက်သည် အသက်တစ်နှစ်ပိုမို ကြီးသွားသကဲ့ သို့ ရှုံးသွားနိုင်ကြောင်းလည်း သိရပါ တယ်။
( Beauty Syh )


Leave a Reply