ဖုန်းအချင်းချင်း ကြိုးမဲ့စနစ်နဲ့ အားသွင်းနိုင်မယ့် မူပိုင်ခွင့် Sony လျှောက်ထား

ဖုန်းသုံးစွဲသူတွေက အနီးအနားမှာရှိတဲ့ ထုတ်ကုန်တွေကနေ ဘက်ထရီစွမ်းအင် ရယူနိုင်မယ့် နည်းပညာ တစ်မျိုးကို ဂျပန်နည်းပညာကုမ္ပဏီ Sony က မူပိုင်ခွင့်လျှောက်ထားခဲ့ပါတယ်။

 

အဲ့ဒီနည်းပညာဟာ ဖုန်းအားကုန်သွားတဲ့အခါ Wi-Fi hot-spot လိုမျိုးစနစ်တစ်ခုကိုအသုံးပြုပြီး အခြားလူ တစ်ယောက်ရဲ့ ထုတ်ကုန်ကနေ ကြိုးမဲ့စနစ်နဲ့ အားပြန်သွင်းနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် Sony ရဲ့ အဆင့်မြင့်နည်းပညာဟာ မိုဘိုင်းဖုန်းတွေက စမတ်ဖုန်းတွေနဲ့ ကွန်ပျူတာတွေအပြင် အဝတ်လျှော်စက်၊ ရေခဲသေတ္တာနဲ့ တီဗီလိုမျိုး လျှပ်စစ်ထုတ်ကုန်တွေကနေ စွမ်းအင်တွေကို ရယူနိုင်ဖွယ် ရှိပါတယ်။
မူပိုင်ခွင့်မှာတော့ အဲ့ဒီနည်းပညာက တိုတောင်းတဲ့ အကွာအဝေးကနေ အချက်အလက် လွှဲပြောင်းပေးနိုင် မယ့် Near Field Communications (NFC) ပါဝင်တဲ့ ချစ်ပ်တစ်ခုကို အသုံးပြုထားတယ်လို့ ဖော်ပြ ထားပါတယ်။
NFC ဟာ ထုတ်ကုန်တွေကို ၁.၆ လက်မ (၄ စင်တီမီတာ) အကွာအဝေးအတွင်း အပြန်အလှန် ဆက်သွယ် နိုင်စေပါတယ်။
NFC နည်းပညာကို contactless payment system တွေမှာအသုံးပြုကြသလို မိုဘိုင်းထုတ်ကုန်များအကြား ဖုန်းနံပါတ်တွေ၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ကြိုးမဲ့စနစ်နဲ့ဝေမျှရာမှာလည်း သုံးကြပါတယ်။

“ဒီနည်းပညာမှာ ပထမ antenna system နဲ့ ဒုတိယ antenna system အပါအဝင် antenna system အများအပြားကို ခွဲခြားသိရှိနိုင်တဲ့စနစ် ပါဝင်ပါတယ်” လို့ တီထွင်သူတွေက မူပိုင်ခွင့်မှာ ဖော်ပြထားပါတယ်။

Ref: DailyMail