ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းနှင့် တွေ့ဆုံမေးမြန်း ခြင်းမှ ကောက်နုတ်ဖော်ပြ

 

စိုက်ပျိုးရေးထုတ်ကုန်နဲ့ပတ်သက် တာတွေကို တွက်ခြေကိုက်ဖို့ရယ်၊ အလုပ် အကိုင်ဖန်တီးမှုရယ်ပေါ့။ ဒီဒေသက လူငယ်တွေအတော်များများက ပြည်ပကို သွားပြီး အလုပ်လုပ်ကိုင်ကြရတယ်။ အလုပ်အကိုင်အခွင့်အလမ်းကြောင့် ဖြစ် ရတယ်။ ဒီတော့ မြို့နယ်မှာ အလုပ် အကိုင် အခွင့်အလမ်းဖန်တီးပေးနိုင်ရင် တော့ ပိုကောင်းတာပေါ့။ စိုက်ပျိုးရေး ဒေသလည်းဖြစ်တော့ ရေကြီးရေလျှံ မဖြစ်အောင် ဆည်မြောင်း၊ တာတမံတွေ လည်းလိုအပ်တာပေါ့။ အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းတွေလည်း ဖော်ဆောင်ပေးရမှာပေါ့။ သူတို့ရဲ့ ထုတ် ကုန်တွေနဲ့ပတ်သက်ပြီးတော့လည်း တွက် ခြေကိုက်အောင်၊ အရှုံးမ ပေါ်အောင်လုပ် ပေးရမှာပေါ့။ ဒါမှလည်း တစ်ဦးချင်း တစ်အိမ်ထောင်ချင်းစီရဲ့ မိသားစုဝင်ငွေ တိုးတက်ပြီး အေးအေးချမ်းချမ်းနဲ့ ဒေသ မြန်မြန်ဖွံ့ဖြိုးတိုးတက် လာမှာ ဖြစ်တယ်။ဒါတွေဟာ ကျွန်တော့်အနေနဲ့ဆောင်ရွက် ပေးလိုတဲ့ဆန္ဒနဲ့ ဒေသနေပြည်သူတွေရဲ့ အဓိကလိုလားနေတဲ့ဆန္ဒပဲဖြစ်ပါတယ်။