ယခုနှစ် Miss Myanmar World အလှမယ်ပြိုင်ပွဲ စတင်လျှောက်ထားနိုင်

စတုတ္ထအကြိမ် Miss Myanmar World 2017 ပြိုင်ပွဲကို ယခင်နှစ်များနှင့်မတူ ထူးခြားသည့် လှုပ်ရှား ဆောင်ရွက်မှုများဖြင့် ဇွန်လ ၁၀ ရက်တွင် ကျင်းပမည် ဖြစ်သည်။

‘‘ဒီနှစ်ပြိုင်ပွဲကိုတော့ ပုံစံ ပြောင်းစီစဉ်ထားပါတယ်။ ပထမ ဆုံးအနေနဲ့ ပြိုင်ပွဲဝင်အယောက် ၄၀ စတင် ရွေးချယ်ကတည်းက Mission လုပ်ရွေးသွားမှာပါ။ အရင်နှစ်တွေနဲ့မတူတဲ့ တစ်မူထူး ခြားတဲ့ ဖန်တီးမှုတွေနဲ့ Activites တွေကို ပြုလုပ်ရမှာ ဖြစ်ပါတယ်’’ ဟု Forever BEC-Tero မှ Country Manager ကိုစိုးသူရက ပြောသည်။ Miss Myanmar World2017 ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ် ပြိုင်ရန် မတ်လ ၁၇ ရက်ကစ၍ Dagon Center 2 ဒုတိယထပ် တွင် လူကိုယ်တိုင်သွားရောက် လျှောက်ရမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ဆန်ခါတင် ၄၀ ဦး ရွေးချယ်မည် ဖြစ်သည်။

‘‘ပထမဆုံးယှဉ်ပြိုင်ခဲ့ရတဲ့ပွဲ ဖြစ်တာကြောင့် ကိုယ့်ရှေ့မှာပြော ပြခဲ့တဲ့သူတွေမရှိခဲ့ဘူး။ ဒီပြိုင်ပွဲက စိန်ခေါ်မှု တွေအရမ်းများလို့ အ ရမ်းကြိုးစားခဲ့ရတယ်။ အခုစတုတ္ထအကြိမ်မြောက်ပွဲမှာ ၀င် ရောက်ယှဉ်ပြိုင်ကြမယ့် ညီမငယ် တွေအတွက်ကိုတော့ လိုအပ်တာ တွေပြောပြပေးမှာဖြစ်ပြီး ဒိုင်အဖြစ်နဲ့လည်း ပါဝင်ဆောင်ရွက် ပေးသွားမှာပါ’’ဟု Miss Myanmar World 2014 ဆုရှင် ၀ိုင်းလေးက ပြောသည်။

အဆိုပါပြိုင်ပွဲအတွက် ဆန် ခါတင် ၄၀ ဦးအနက် ရွေး ချယ်ခံရသည့် အလှမယ် ၂၀ ဦး ကို ဧပြီ ၄ ရက်တွင် မိတ်ဆက်ပြသမည်ဖြစ် ပြီး Miss Myanmar World အဖွဲ့အစည်းနှင့်အတူ အချိန်တစ်လခွဲကြာ လှုပ်ရှားမှု များပါဝင်ဆောင် ရွက်၍ ဇွန်လ ၁၀ ရက်တွင် အပြီး သတ်ရွေးချယ်မည် ဖြစ်သည်။

Miss Myanmar World 2017 အတွက် Winner ဆု ကျပ်သိန်း ၁၀၀ ၊ 1st Runner Up ကျပ်သိန်း ၃၀ ၊ 2nd Runner Up ကျပ်သိန်း ၂၀ နှင့် ရွှေနန်းတော်၏က ဖန်တီးပေးမည့် သရဖူတို့ ချီးမြှင့်မည် ဖြစ်သည်။

Miss Myanmar World ကို ၂၀၁၄ တွင် စတင်ကျင်းပခဲ့ပြီး Miss Myanmar World 2014 အတွက် ၀ိုင်းလေး၊ Miss Myan-mar World 2015 အတွက် ခင်ရတနာသိန်းမြင့်နှင့် Miss Myanmar World 2016 အတွက် Bella တို့က အသီးသီး  ရွေးချယ်ခံခဲ့ရသည်။ # 7 Day Daily