ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် ဆူးလေကုန်းကျေးရွာ မဲဆန္ဒရှင် များနှင့်တွေ့ဆုံပွဲ တက်ရောက်အားပေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် မတ်လ (၁၆) ရက် မွန်းလွဲ ၂ နာရီတွင် မုံရွာမြို့နယ် မဲဆန္ဒနယ် ဆူးလေကုန်းကျေးရွာတွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အောင်၏ မဲဆွယ်စည်းရုံးပွဲသို့ တက်ရောက် အားပေးခဲ့သည်။

ရှေးဦးစွာ ပါတီဗဟိုဦးဆောင်ကော်မတီဝင်မှ ပါတီကိုယ်စားလှယ်လောင်း ဒေါက်တာ ဝင်းမြင့်အောင်နှင့် ကျေးလက်ဒေသနေ မိဘပြည်သူများကို မိတ်ဆက်ပေးခဲ့ပြီး ဆက်လက်၍ ကိုယ်စားလှယ်လောင်းက မဲဆွယ် စည်းရုံးဟောပြောခဲ့ရာ ဆူးလေကုန်းကျေးရွာမှ မိဘပြည်သူ ၁၂ဝ ခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ မဲဆွယ်စည်းရုံးပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးမင်းမင်းဇေယျာမြင့် (ပါတီလုပ်ငန်းစိစစ်ရေး)၊ ဦးစောမြင့်ဦး၊ ဒေါ်သိင်္ဂီ ဝင်းရွှေ (တိုင်းဒေသကြီးပါတီဘဏ္ဍာရေးမှူး)၊ ဒေါ်ယဉ်မာဝင်း (တိုင်းဒေသကြီးပါတီစာရင်းစစ်)၊ မုံရွာခရိုင်နှင့် မုံရွာမြို့နယ် ပါတီတို့မှ တာဝန်ရှိသူများ လိုက်ပါ အားပေးခဲ့ကြောင်း သိရသည်။

အေးဇေယျာ