သနပ်ပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှစ်စဉ်ပါတီကြေးပေးအပ် လူငယ် များနှင့်တွေ့ဆုံ

 

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) သနပ်ပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဝင်နှစ်စဉ် ကြေးပေးအပ်ပွဲနှင့် လူငယ်တွေ့ဆုံပွဲကို မတ်လ (၁၆) ရက် မွန်းတည့် ၁၂ နာရီက သနပ်ပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းက အမှာစကား ပြောကြားပြီး နောက်ရပ်ကွက်၊ ကျေးရွာပါတီဥက္ကဋ္ဌ ၆၆ ဦးတို့က ပါတီဝင်များ၏ ပါတီဝင် နှစ်စဉ်ကြေးများ အသီးသီးပေးအပ်ကြရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းနှင့် နယ်မြေတာဝန်ခံတို့က လက်ခံရယူကြသည်။

ထို့နောက် ရပ်ကွက်၊ ကျေးရွာ ၆၆ အုပ်စုမှ လူငယ်များနှင့် ပါတီ၏ရှေ့လုပ်ငန်း စဉ်များအောင်နိုင်ရေး၊ စည်းရုံးရေး၊ ဒေသဖွံ့ဖြိုးရေးတို့ကို မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မျိုးဝင်းနှင့် မြို့နယ်ကော်မတီဝင်များက ရင်းရင်းနှီးနှီး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

တင်အောင်ဆန်း