ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ မဲဆွယ်စည်းရုံးရေးများ ပါဝင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် လွတ်လပ်ရေးရပ်ကွက် သီရိမင်္ဂလာ ဥယျာဉ်အိမ်ရာတွင် ယမန်နေ့ ညနေ ၄ နာရီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်အေးက မဲဆန္ဒရှင်ပြည်သူများအား တစ်အိမ် တက်ဆင်း ကွင်းဆင်းစည်းရုံးရာ အလုံပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးကျော်သူရ နှင့် မြို့နယ်ကော်မတီဝင်များ ဝန်းရံကူညီကြသည့် စမ်းချောင်း၊ လသာ၊ ကျောက်တံတား၊ ဒဂုံမြို့နယ်တို့မှ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့်အတူ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီ၊ ဗဟိုကော်မတီဝင်ဦးတင်ဝင်း၊ ဒေါ်သင်းသင်းမိုး၊ အနောက်ပိုင်း ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်း၊ အတွင်းရေးမှူး ဦးမြင့်ဆောင်နှင့် ခရိုင်ကော်မတီ ဝင်များလိုက်ပါ၍ အားပေးကူညီ ဆောင်ရွက်ခဲ့ကြပြီး မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိန်ဝင်း(YGN)