ကနီမြို့နယ်တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ကနီ သြဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာ ပင်ခရိုင် ကနီမြို့နယ်ပါတီရုံးတွင် ယနေ့ နံနက် ၁ဝနာရီခွဲက ပါတီ နာယကများ၊ ဥက္ကဋ္ဌ၊ အတွင်းရေး မှူး၊ ကော်မတီဝင်များနှင့် ဦးစီး ရုံးအဖွဲ့ဝင်များတွေ့ဆုံ၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

အစည်းအဝေးတွင်ပါတီဥက္ကဋ္ဌ ဦးကျန်ထွန်းက ပါတီ၏ဆက်လက် လုပ်ဆောင်ရန်များ၊ ၂ဝ၂ဝပြည့်နှစ် ရွေးကောက်ပွဲတွင် အရွေးချယ်ခံ ကိုယ်စားလှယ်များသည် အရည် အချင်းပြည့်မီသော ဖြစ်သင့်ဖြစ် ထိုက်သော ပုဂ္ဂိုလ်များရွေးချယ်ပြီး တင်မြှောက်ရန် စသည့်အချက်များ ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပါတီရုံးနှင့်နယ်မြေ ကွင်းဆင်းကုန်ကျစရိတ်များ ရှင်း လင်းပြောကြားခဲ့သည်။ နယ်မြေ ကွင်းဆင်းဆောင်ရွက်ရန်နှင့်ပတ် သက်၍ လစဉ်တာဝန်ကျနယ်မြေ များသို့အရောက်သွားပြီး နယ်မြေခံ အဖွဲ့များနှင့် တွေ့ဆုံကြရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ ဆက် လက်၍ ဘဏ္ဍာရေးမှူးက ရငွေ သုံးငွေစာရင်းများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာ သော ကော်မတီဝင်တစ်ဦးချင်းက နယ်မြေအခြေအနေများနှင့် မိမိ၏ အခက်အခဲများကို အပြန်အလှန် ဆွေးနွေးတင်ပြခြင်းနှင့် ဝန်ထမ်း ရေးရာများကိုဆွေးနွေးပြီး မွန်းလွဲ ၁ နာရီတွင် အစည်းအဝေးပြီးဆုံး ခဲ့သည်။

အောင်မျိုးထွန်း(ကနီလူငယ်)