မာန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆေးကုသခံပြည်သူများအား ကူညီဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မာန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်ကြည် နှင့်ခရိုင်ကော်မတီ ဦးကျော်လှဦး၊ ဦးမောင် မောင်မြင့်တို့ ဦးဆောင်သော မြို့နယ်ပြည်ခိုင်ဖြိုးပါတီအဖွဲ့သည် မာန်အောင်မြို့နယ်၌ ယမန်နေ့နှင့် ယနေ့တွင် ဆေးကုသ ရန်ရောက်ရှိလာသော တပ်မတော်ပင်လယ်သွားဆေးရုံ သင်္ဘော(သံလွင်) နယ်လှည့် ကျန်းမာရေး ဆေးကုသအဖွဲ့အား သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည်။

မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ကြည် ဦးဆောင်၍ ခရိုင်ကော်မတီများ၊ မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရုံးဝန်ထမ်းများနှင့် လူငယ်ရေးရာအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့များ သည် ဆေးဝါး ကုသခံရန်ရောက်ရှိလာသော ပြည်သူလူထု အားနွေးထွေးစွာ ကြိုဆိုပြီးဆေး ကုသမှုခံယူမှုအတွက် လိုအပ်သောကူညီဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြပြီး နံနက်စာ ထမင်းကြော် ဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

SL