ယခုနှစ်နွေရာသီသည် အလွန်ပူပြင်းမည့်နှစ်တစ်နှစ်ဖြစ်လာဖွယ်ရှိဟု ဒေါက်တာထွန်းလွင်သတိပေး

ယခုနှစ် နွေရာသီသည် အလွန်ပူသည့် နှစ်တစ်နှစ်ဖြစ်လာနိုင်ပြီး လာမည့်ဧပြီလအထိ အပူချိန်ဖြစ်မြဲထက် ပိုနိုင် ခြေသေချာမှု ၇၀ ရာခိုင်နှုန်း အထက်ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားလိုက်သည်။

” နွေရာသီအတွက် ကြိုတင်ပြင်ပြင်ဆင်ဆင် ရှိစေချင်ပါတယ်။ ဒီနွေဟာ ၂၀၁၅-၂၀၁၆ လောက် အပူချိန်မမြင့် သည့်တိုင် အလွန်ပူတဲ့ နှစ်တစ်နှစ်ဖြစ် လာဦးမှာဖြစ်ပါတယ်” ဟု ဒေါက်တာထွန်းလွင် က ဖေဖော်ဝါရီ ၁၉ ရက်က ဒီမိုကရေ စီတူဒေးသို့ပြောသည်။

အပူချိန်မြင့်မားပြီး မိုးရွာသွန်းမှုလျော့နည်းပါက ထိခိုက်မှုမြင့်မားတတ်သည့် ကဏ္ဍများမှာ အပူရှိန်မြင့် မားမှုဒဏ် ကြုံတွေ့ရခြင်း၊ ရေရှားပါးမှုဘေးဒဏ် ကြုံတွေ့ရခြင်း၊ မီးလောင်ကျွမ်းမှုဘေးဒဏ် ကြုံတွေ့ရခြင်း၊ စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးမှုဘေး ဒဏ်ကြုံတွေ့ရခြင်းနှင့် ကျန်းမာရေး ထိခိုက်မှုဘေးဒဏ်များကို ကြုံတွေ့ရခြင်းတို့ဖြစ် ကြောင်း၊ ယင်းနှင့်ပတ်သက်၍ တာဝန်ရှိသူများအနေဖြင့် ကြိုတင်သတိပြု ပြင်ဆင်ထားသင့်ကြောင်း ဒေါက်တာ ထွန်းလွင်က အကြံပြုထားကြောင်းသိရသည်။

လက်ရှိတွင် မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့ဖြစ်ကြောင်း၊ အမြင့်ဆုံး အပူချိန်များအဖြစ် ၃၅ ဒီဂရီစင် တီဂရိတ်မှ ၄၀ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက် လာနိုင်ကြောင်း သိရသည်။

အပူချိန်နှင့်ပတ်သက်ပြီး ယခုနှစ် ဇန်န၀ါရီလသည်လည်း သမိုင်းတစ်လျှောက်တွင် တတိယအပူချိန် အမြင့်ဆုံး ဖြစ်ကြောင်း၊ အပူချိန်သည် ၁၉၈၁-၂၀၁၀(နှစ် ၃၀) ကာလ၏ ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်ထက် သုည ဒသမ ၀၃ ဒီဂရီ စင်တီဂရိတ် ပိုမိုပူပြင်းနေကြောင်း သိရသည်။

Democracytoday