၂၁ ရာစုပင်လုံသို့ UNFC တက်ရောက်မည်

အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများအပေါ် အခြေခံ၍ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်သို့ တက်လှမ်းနိုင်ရန် ၂၁ ရာစုပင်လုံ ညီလာခံသို့ အဖွဲ့ဝင်အားလုံး စုံလင်စွာပါဝင် တက်ရောက်မည်ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အရေးပေါ်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နှစ်ရက်ကြာပြုလုပ်ခဲ့သည့် အရေးပေါ်အစည်းအဝေးအပြီး သြဂုတ် (၂၅) ရက်က ထုတ်ပြန်သော ကြေညာချက်တွင် အစိုးရနှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၊ နိုင်ငံရေးမူဘောင် သုံးသပ်ပွဲများအပေါ် အခြေခံ၍ ၂၁ ရာစုပင်လုံညီလာခံသို့ အဖွဲ့ဝင်အားလုံး ပါဝင်တက်ရောက် မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

UNFC တွင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်၌မပါဝင်သည့် တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့ပါဝင်ပြီး ကေအိုင်အို ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။

UNFC တွင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို လက်မှတ်မရေးထိုးခဲ့သည့် ကေအိုင်အို၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသားကောင်စီ၊ ‘ဝ’အမျိုးသားအဖွဲ့ချုပ်၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ၊ ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ၊ မွန်ပြည်သစ်ပါတီတို့ပါဝင်သည်။ တအာင်းနှင့်ကိုးကန့်အဖွဲ့ကမူ UNFC မှ နုတ်ထွက်ခွင့် တင်ထား သည်ဟု သိရသည်။

# 7 Day Daily


Leave a Reply