အက်ပဲလ်ဂီတဖျော်ဖြေပွဲတွင် ပါဝင်မည့် အနုပညာရှင်စာရင်းထွက်ပေါ်

အနုပညာရှင်များစာရင်းကို ထုတ်ပြန်ခဲ့ရာ ဘရစ်တနီ စပီးယား၊ အယ်လ်တန်ဂျွန်၊ One Republic ၊ အဲလစ်ဆီ ယာကီးစ်၊ ဘက်စတီးလ်၊ ကယ်လ်ဗင်ဟားရစ်၊ ရော်ဘီဝီလျှံ၊ မီရှယ်ဘတ်ဘဲလ်၊ The 1975 နှင့် Chance the Rapper တို့ ပါဝင်လာခဲ့သည်။

14064045_1214715988548658_7061050491166768660_n

စက်တင်ဘာ ၁၈ မှ ၂၇ အထိ ကျင်းပပြုလုပ်မည့် ၎င်းဂီတပွဲကို လန်ဒန်မြို့ရှိ Roundhouse အနုပညာခန်းမတွင် ပြုလုပ်မည်ဖြစ်သည်။

“Roundhouse မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲအတွက် မစောင့်နိုင်တော့ပါဘူး။ အဲဒီပွဲမှာ အားလုံးအတွက် အံ့အားသင့်စရာ တစ်ခုခု ပြုလုပ်ပြနိုင်ပါလိမ့်မယ်” ဟု ဖျော်ဖြေပွဲတွင် ပါဝင်ရမည့် အမေရိကန်အဆိုတော် အယ်လစ်ဆီယာ ကီးစ် က ဆိုလိုက်သည်။

တေးသံရှင် ဘရစ်တနီစပီးယား ကလည်း လန်ဒန်မြို့သို့ ပြန်လည်၍ လာရောက်ဖျော်ဖြေရမည်မှာ စိတ်လှုပ်ရှား စရာကောင်းကြောင်းနှင့် (၁၀)နှစ်ပြည့် အက်ပဲလ်ဂီတပွဲတော်မှာ အောင်မြင်သည့် ဖျော်ဖြေပွဲတစ်ခု ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း ၎င်း၏ တွစ်တာ စာမျက်နှာတွင် ရေးသားထားခဲ့သည်။

အက်ပဲလ် ဂီတဖျော်ဖြေပွဲ ကျင်းပသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်က တေးဂီတအဖွဲ့ ၂၄ ဖွဲ့အထိ ထည့်သွင်းခဲ့သော်လည်း ယခုနှစ်တွင် တစ်ဦးချင်းနှင့်အဖွဲ့လိုက် စုစုပေါင်း (၁၀) ဖွဲ့သာ ထည့်သွင်းဖျော်ဖြေရန် စီစဉ်ခဲ့သည်။

Ref:Musicnews

# The Voice

 


Leave a Reply