ပါတီဥက္ကဋ္ဌဦးသန်းဌေး သံတွဲ ကျောက်ဖြူခရိုင်ရှိပါတီဝင်များနှင့် တွေ့ဆုံစဉ်ပြောကြားသော အမှာစကား မှကောက်နုတ်ချက်များ

 

(၁) ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးအတွက် ရခိုင်ပြည်နယ်အတွင်းရှိ မူလတိုင်းရင်းသား များနှင့် ပြည်ထောင်စုဝင် ကျန်တိုင်းရင်းသားအားလုံး ရေပက်မဝင်သော စည်းလုံးညီညွတ်မှု ရှိရန် အထူး လိုအပ် နေပြီဖြစ်။

(၂) ရခိုင်ပြည်နယ်နှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတို့၏ လုံခြုံရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ပြည်ထောင်စု၏ စုပေါင်းအားဖြင့်သာ ဖော်ဆောင်နိုင်မည်။

(၃) ပြည်ထောင်စုတပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အနေဖြင့် ရခိုင်ဒေသ အတွက် ခေတ်အဆက်ဆက် အသက်နှင့်ရင်း၍ တာဝန်ကျေပွန်ခဲ့။

(၄) မိမိတို့အစိုးရတာဝန်ယူခဲ့စဉ် ရခိုင်ပြည်နယ်အတွက် အိပ်မက်ဆန်သော အခြေခံ အဆောက်အအုံ (လမ်းတံတား လျှပ်စစ် ကျန်းမာရေး ပညာရေး) များကို လက်တွေ့ တည်ဆောက်ပေးခဲ့။

(၅) အခြေခံဥပဒေကပေးထားသော ပိုင်ခွင့်များအရ ပြည်နယ်အစိုးရနှင့် ပြည်နယ် လွှတ်တော်တို့တွင် ရခိုင် တိုင်းရင်းသားများနေရာရှိ၍ အခြေအနေ ဖန်တီးနိုင်ခွင့်များ လည်းရှိနေပြီး တိုးတက်မှု ဆုတ်ယုတ်မှုသည် လူပုဂ္ဂိုလ်နှင့် ကျောထောက်နောက်ခံ အဖွဲ့အစည်း၏မူဝါဒအပေါ်တွင်သာ မူတည်မည်။

(၆) ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးကို တာဝန်ခံနိုင်မှ အမျိုးသားရေးတာဝန်ကျေပွန်မည်။