ကြို့ပင်ကောက်ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနေ့ကိုကြိုဆို တွေ့ဆုံပွဲ နှစ်စဉ်ကြေးပေးအပ်ပွဲနှင့် ထမနဲထိုးပွဲကျင်းပ

 

နှစ် (၇၀) မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုထောက်ခံသောအားဖြင့် ကြို့ပင်ကောက်မြိုပနယ် ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ဖေဖော်ဝါရီ (၉) ရက် နံနက် ၉ နာရီခန့်က ထမနဲထိုးပွဲ၊ တွေ့ဆုံပွဲ နှင့် လစဉ်ကြေး ပေးအပ်ပွဲ အခမ်းအနားကိုကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်စိုးက ပါတီဝင်များအား ယနေ့ကျင်းပသည့် အခမ်းအနားနှင့် ပတ်သက်သည်များကို ရှင်းလင်းဆွေးနွေးပြီး ဗဟိုကော်မတီဝင် တိုင်းကော်မတီဝင် ဦးသန်းဇော်ထွန်းက ပြည်ခိုင်ဖြိုးပါတီနှင့်ပ တ်သက်သည်များကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး နာယက ဦးဝင်းမြင့်စိုးက လိုအပ်သည်များကို ရှင်းလင်းဆွေး နွေးပြီး တက်ရောက်လာကြသူများက သိလိုသည်များကို တင်ပြ ဆွေးနွေးခြင်းအပေါ် ဗဟိုကော်မတီဝင် တိုင်းကော်မတီဝင် ဦးသန်းဇော်ထွန်းက ရှင်းလင်းဆွေးနွေးကာ နှစ်စဉ်ကြေး ပေးအပ်ပွဲကို ကျင်းပခဲ့ကြသည်။

ယမန်နေ့ည ၈နာရီခန့်က ပြည်ထောင်စုနေ့ကို ကြိုဆိုထောက်ခံသောအားဖြင့် ကြို့ပင်ကောက်ပြည်ခိုင်ဖြိုးမှ ထမနဲထိုးပွဲကျင်းပရာသို့ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး နာယက ဦးဝင်းမြင့်စိုးက လာရောက်အားပေး ကြည့်ရှုခဲ့သည်။

စိုးတင်မြင့်(ရွှေကြို့မြေ)