ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၊ ဗဟိုအတြင္းေရးမႉး ဦးသူရိန္ေဇာ္ ဘားအံၿမိဳ႕နယ္၊ ေနာင္ထလုံးရြာတြင္ ပါတီ၀င္မ်ား ၊ေက်းရြာလူထုမ်ားႏွင့္ရင္းႏွီးေႏြးေထြးစြာေတြ႕ဆုံ

ဘားအံ စက္တင္ဘာ ၂၅
ျပည္ခိုင္ၿဖိဳးပါတီဗဟိုအတြင္းေရးမႉး ဦးသူရိန္ေဇာ္သည္ ၂၀၂၃ခုႏွစ္ စက္တင္ဘာလ ၂၅ ရက္ေန႔ နံနက္ (၉)နာရီအခ်ိန္တြင္ ကရင္ျပည္နယ္၊ဘားအံၿမိဳ႕နယ္အတြင္းရွိ ေနာင္ထလုံးေက်းရြာအုပ္စု၊ ထုံးအိုင္၊ ဖအြံ(ေကာ့က်ိဳက္)၊ ၀င္းက်န္၊ ဖာလင္၊ ေကာ့တ႐ုတ္ရ၊ မိန္းမလွ၊ ေနာင္ဘို၊ မူက၀ါ ေက်းရြာမ်ားမွ ပါတီ၀င္မ်ား၊ ေက်းရြာလူထုမ်ားႏွင့္ ရင္းႏွီးေႏြးေထြးစြာ ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံပြဲတြင္ပါတီဗဟိုအတြင္းေရးမႉးမွ (၂၀၂၀)ေရြးေကာက္ပြဲ မဲမသမာမႈမ်ား၊ နိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနေသာ အေျခအေနမ်ား၊ ကရင္ျပည္နယ္အတြင္း ၿငိမ္းခ်မ္းေရးပ်က္ျပားခဲ့မႈေၾကာင့္ ယခင္ကာလတည္ေဆာက္ခဲ့သည္မ်ားအားလုံး ဖ်က္ဆီးခံရျခင္း၊ စာသင္ေက်ာင္းမ်ား ပိတ္ရျခင္း၊ ၿငိမ္းခ်မ္းေသာေဒသႏွင့္ မၿငိမ္းခ်မ္းေသာေဒသ၏ ကြာျခားခ်က္မ်ားကို ရွင္းလင္းေျပာၾကားခဲ့ပါသည္။
၎ေနာက္ ေက်းရြာပါတီ၀င္မ်ားႏွင့္ လူထုမွ သိလိုသည္မ်ား ေမးျမန္းျခင္း၊ လိုအပ္ခ်က္မ်ားတင္ျပျခင္းတို႔အားျပန္လည္ရွင္းလင္းေျဖၾကားေပးခဲ့ၿပီး
(၁၁:၃၅)အခ်ိန္တြင္ ေတြ႕ဆုံပြဲၿပီးဆုံးခဲ့ပါသည္။

==============================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော် ဘားအံမြို့နယ်၊ နောင်ထလုံးရွာတွင် ပါတီ၀င်များ ၊ကျေးရွာလူထုများနှင့်ရင်းနှီးနွေးထွေးစွာတွေ့ဆုံ

ဘားအံ စက်တင်ဘာ ၂၅
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော်သည် ၂၀၂၃ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် (၉)နာရီအချိန်တွင် ကရင်ပြည်နယ်၊ဘားအံမြို့နယ်အတွင်းရှိ နောင်ထလုံးကျေးရွာအုပ်စု၊ ထုံးအိုင်၊ ဖအွံ(ကော့ကျိုက်)၊ ၀င်းကျန်၊ ဖာလင်၊ ကော့တရုတ်ရ၊ မိန်းမလှ၊ နောင်ဘို၊ မူက၀ါ ကျေးရွာများမှ ပါတီ၀င်များ၊ ကျေးရွာလူထုများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင်ပါတီဗဟိုအတွင်းရေးမှူးမှ (၂၀၂၀)ရွေးကောက်ပွဲ မဲမသမာမှုများ၊ နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ၊ ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးပျက်ပြားခဲ့မှုကြောင့် ယခင်ကာလတည်ဆောက်ခဲ့သည်များအားလုံး ဖျက်ဆီးခံရခြင်း၊ စာသင်ကျောင်းများ ပိတ်ရခြင်း၊ ငြိမ်းချမ်းသောဒေသနှင့် မငြိမ်းချမ်းသောဒေသ၏ ကွာခြားချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
၎င်းနောက် ကျေးရွာပါတီ၀င်များနှင့် လူထုမှ သိလိုသည်များ မေးမြန်းခြင်း၊ လိုအပ်ချက်များတင်ပြခြင်းတို့အားပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး
(၁၁:၃၅)အချိန်တွင် တွေ့ဆုံပွဲပြီးဆုံးခဲ့ပါသည်။