လူငယ့် အားမာန် ပရဟိတလူငယ်အဖွဲ့ လုပ်အားဒါန ကုသိုလ်ပြု

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်းထားသော လူငယ့် အားမာန် ပရဟိတလူငယ်အဖွဲ့ဝင်များသည် ယနေ့ (၁၄.၁.၂၀၁၇)ရက်နေ့ နံနက်(၀၈:၀၀)နာရီချိန်မှစတင်ကာ ကျိုက်ထို မြို့ ရှိ ရွှေဘုံသာဘုရားဝင်း အတွင်ရှိစေတီများကို ရောင်တော်ဖွင့်ခြင်းနှင့် ဝန်းကျင်တဝိုက်တို့တွင် တံမြတ်စည်းလှည်းခြင်း၊ စုပေါင်းအမှိုက်ကောက်ခြင်းများ၊ မြက်ပင်များ ရှင်းလင်းခြင်းများဖြင့် စုပေါင်း လုပ်အား ဒါနပြုခဲ့ကြောင်းသိရှိရသည်။

ယင်းလုပ်အားကုသိုလ်ပြုလုပ်ရာသို့ ကျိုက်ထိုမြို့  ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ၊ လူငယ်တာဝန်ခံများ ၊ လူငယ့်အားမာန် အဖွဲ့ဝင်လူငယ်များ တက်ကြွစွာ ကုသိုလ်ပြုခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်