ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဌာနချုပ်​တွင်​ ​ပြော​ရေးဆိုခွင့်​ရအဖွဲ့နှင့်​ သတင်းမီဒီယာများ​တွေ့ဆုံ

 

ယ​နေ့ ၁၇.၁.၂၀၁၇ ရက်​​နေ့ ပါတီဌာနချုပ်​ အစည်းအ​ဝေးခန်းမ (၂)တွင်​ ပါတီ​ပြော​ရေးဆိုခွင့်​ရှိသူများဖြစ်​သည့်​ ဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေး ၊ ဗဟို​ကော်​မတီဝင်​ ​ဒေါက်​တာဝင်း​အောင်​​ကျော်​ နှင့်​ ဗဟိုအလုပ်​အမှု​ဆောင်​ ဦးလှသိန်း တို့သည်​ ​နေ့လည်​(၁၃း၃၀)အချိန်​ မှ (၁၄း၃၀)
အချိန်​ထိ သတင်းမီဒီယာများဖြစ်​သည့်​ eleven ၊ DVB ၊
News Watch ၊ ဧရာဝတီ ၊ Skynet ၊ အစရှိ​သော သတင်းမီဒီယာ (၂၀) တို့နှင့်​ ​တွေ့ဆုံကာ မြန်​မာနိုင်​ငံအတွင်းဖြစ်​​ပေါ်​နေ​သော အ​ခြေအ​နေများနှင့်​ပတ်​သတ်​၍ လွှတ်​​တော်​ဆိုင်​ရာ Right To Recall ကိစ္စရပ်​များ ၊ ရခိုင်​ပြည်​နယ်​ဆိုင်​ရာ ကိစ္စရပ်​များ ၊ ကြားဖြတ်​​ရွေး​ကောက်​ပွဲအ​​ခြေအ​နေများ နှင့်​ နိုင်​ငံအတွင်းဖြစ်​​ပေါ်​နေ​သော ကိစ္စရပ်​အသီးသီးတို့အား ​ရှင်းလင်း​ပြောကြားခဲ့ပါသည်​။