ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်အင်အား ကျစ်လစ်ခိုင်မာရေးစီစစ်ခြင်း နှင့် ဝန်းရံပါတီဝင်အင်အား တိုးပွားရေးအတွက် နယ်မြေကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီဗဟိုဌာနချုပ်၏ လမ်းညွှန်ချက်ဖြစ်သောပထမ(၃)လပတ်၊ရက်(၉၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ခုဖြစ်သော ပါတီဝင်အင်အား ကျစ်လစ် ခိုင်မာရေးအတွက် ပါတီဝင်များကို တစ်ဦးချင်းစီစစ်ခြင်းလုပ်ငန်းနှင့် မိမိတို့ပါတီအား ဝန်းရံအားပေး ထောက်ခံ သူများတိုးပွားလာစေရေး အတွက် နယ်မြေကွင်းဆင်းဆောင်ရွက်ခြင်းများကို နယ်မြေမှူးများမှ ဆောင်ရွက်လျှက် ရှိရာ (၁-၁၂-၂၀၂၂) ရက်နေ့ နံနက်( ၉:၃၀ ) နာရီ အချိန်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါနယ်မြေကွင်းဆင်း ခြင်းများကို ကျောက်ဆည်မြို့နယ် အင်ဒိုင်းကျေးရွာအုပ်စု၊ ကျားကာကျေးရွာအုပ်စု များသို့ နယ်မြေမှုး၊ရပ်ကျေး ပါတီဥက္ကဌနှင့်ကော်မတီဝင်များ၊ပါတီဝင်များ မှ စုပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။

ကိုတင် kse