ပဲခူးတိုင်းဒေသကြီး(အနောက်) တွင် ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ဒီဇင်ဘာ (၁၀) ရက် နံနက် ၁ဝနာရီခွဲတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ လူငယ်ရေးရာတာဝန်ခံများ၊ အလုပ်သမားရေးရာ တာဝန်ခံ များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးကျော်ကျော်လင်းနှင့် ကော်မတီဝင်များ၊ လူငယ်ရေးရာ၊ အလုပ်သမားရေးရာ တာဝန်ခံနှင့် ခရိုင်လူငယ်ရေးရာ၊ အလုပ်သမားရေးရာတို့မှ ရေးရာအဖွဲ့များကို ဖွဲ့စည်းပုံအတိုင်း စနစ်တကျ ဖွဲ့စည်းထားရှိရန်နှင့် လူငယ်၊ အလုပ်သမား တာဝန်ခံများကို မိမိနှင့်သက်ဆိုင်သောရေးရာများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားဆောင်ရွက်ကြရန် အသီးသီး ဆွေးနွေးမှုပြုလုပ်ခဲ့ပြီး မွန်းလွဲ ၁၂နာရီခွဲတွင် ညှိနှိုင်းအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြတ်ခိုင်အုန်း(လက်ပံတန်း)

Photo #


Leave a Reply