ဆစ်ဒနီမြို့၏ နှစ်သစ်ကူးမီးရှုးမီးပန်းပစ်လွှတ်မှု အစီအစဉ်ကို Facebook မှတဆင့် တိုက်ရိုက်ပြသမည်

ကမ္ဘာတစ်ဝန်း အဓိက ပျော်ပွဲရွှင်ပွဲတစ်ခုဖြစ်သည့် ဆစ်ဒနီမြို့မှ နှစ်သစ်ကူးအကြို မီးရှုးမီးပန်းပစ်လွှတ်မှု အစီအစဉ် ကို Facebook မှတဆင့် ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် တာဝန်ရှိသူများက ပြောသည်။

 

သြစတေးလျနိုင်ငံ၏ အကြီးမားဆုံးမြို့ ဖြစ်သည့် ဆစ်ဒနီတွင် နှစ်စဉ် နှစ်သစ်ကူးနေ့ရောက်တိုင်း ကျင်းပနေကျ ဖြစ်သည့် မီးရှုးမီးပန်းပစ်လွှတ်မှုကို ဆစ်ဒနီဆိပ်ကမ်းမှ လူတစ်သန်းခန့် ကြည့်ရှုလေ့ရှိပြီး ရုပ်မြင်သံကြားမှတဆင့် လူ ၁ ဘီလီယံခန့် စောင့်ကြည့်လေ့ရှိသည်။

စီစဉ်သူများက ယင်းတိုက်ရိုက်ထုတ်လွှင့်မှုကို ကမ္ဘာတစ်ဝန်းမှ Facebook အသုံးပြုသူ ၁၀ သန်းကျော် ကြည့်ရှုကြ လိမ့်မည်ဟုခန့်မှန်းထားသည်။ ယင်းတိုက်ရိုက်ထုတ်လွှင့်ပြသမည့်အစီအစဉ်ကို တွစ်တာနှင့် Tumblr တို့ကို ကျော်တက်ပြီးနောက် အမေရိကန် လူမှုကွန်ရက်မီဒီယာကြီးက ယင်းကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကြေညာချက်တစ်ခုတွင် ဆစ်ဒနီမြို့တော်ဝန် ကလိုဗာမိုးလ်က “ဒီနှစ်မှာ ဒစ်ဂျစ်တယ် နည်းပညာအများစုနဲ့ ချိတ်ဆက်ပြီးတော့ ကမ္ဘာတစ်ဝန်းက ပြည်သူတွေရဲ့ လက်ချင်းချိတ်ဆက်ပြီးတော့ ဆစ်ဒနီမြို့ရဲ့ နှစ်သစ်ကူး မီးရှုးမီးပန်း ပစ်လွှတ်မှုအစီအစဉ်ကို ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်” ဟုဆိုသည်။

Ref:AFP

Democracy today


Leave a Reply