ထိုင်ဝမ်အပေါ်ထားရှိသည့်မူဝါဒကို ဝေဖန်ခဲ့သည့် ဒေါ်နယ်ထရန့်ကို တရုတ်မီဒီယာသတိပေး

ပေကျင်း ဒီဇင်ဘာ ၁၂

တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခွင့်မပြုကြောင်း အမေရိကန်သမ္မတတစ်ဦးအဖြစ် ရွေးကောက်ခံထားရသူတစ်ဦးအနေဖြင့် ယင်းကဲ့သို့ ပြုမူလုပ်ဆောင်မည် ဆိုပါက အမေရိကန်၏ ရန်သူများကို ပေကျင်းအစိုးရ ထောက်ခံသည်အထိ ဖြစ်သွားစေနိုင်ကြောင်း ဒေါ်နယ်ထရန့်ကို တရုတ်မီဒီယာတစ်ခုက တနင်္လာနေ့တွင် သတိပေးလိုက်သည်။

 

 

Global Times သတင်းစာက ” တရုတ်တစ်နိုင်ငံတည်း မူဝါဒသည် ရောင်းချစရာ ထုတ်ကုန်မဟုတ်ကြောင်း” ဖော်ပြလိုက်ပြီး ထရန့်သည်လည်း သံတမန်ရေးမူဝါဒကို ကလေးတစ်ဦးသဖွယ် မထီမဲ့မြင်ပြုနေကြောင်း ပြောကြား လိုက်သည်။

အမေရိကန်သည် ထိုင်ဝမ်၏ လွတ်လပ်ရေးကို ပွင့်လင်းစွာထောက်ခံပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းနိုင်ငံသို့ ဒီမိုကရေစီနည်းကျ လက်နက်ရောင်းချမည်ဆိုပါက တရုတ်သည်လည်း အမေရိကန်ကို ရန်စွာနေသော အင်အားစု များကို ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။

“ကျွန်တော်တို့က သူတို့ကို လူသိရှင်ကြား ထောက်ခံတာမျိုးမဟုတ်ရင်တောင် လျှို့ဝှက်ပြီး လက်နက်နက်ရောင်း လို့ရတာပဲ” ဟု ဖော်ပြထားသည်။

Ref:AFP

Democracy today


Leave a Reply