ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး စစ်ကုန်းကျေးရွာ မူလတန်းကျောင်းဆောင်သစ် ဆောက်လုပ် နေမှု သွားရောက်ကြည့်ရှု

image-b188f332f74629ab72f4a774350d2b57b6c690e4f18321d064d3cce61dcd4eb1-V

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် မေလ (၇)ရက်နေ့ နံနက် (၁ဝ)နာရီအချိန်တွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အလုပ် အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ လိုက်ပါလျှက် ဟင်္သာတမြို့နယ်၊ စစ်ကုန်း ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံသည်။

image-a960cc9470520c5eba131f48e46bc91e8a0567a679b9b58b3f4136fef0a4fe01-V

ထို့နောက် ကျောင်းဆောင်သစ်ဆောက်လုပ်မှုနှင့် ပတ်သက်၍ KMA ဆောက်လုပ်ရေးမှ တာဝန်ခံ အင်ဂျင်နီယာ ဦးဆန်းလင်းထွန်းမှ ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် အဖွဲ့သည် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ စစ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်မှာ အလျား (၄၂ဝ)ပေ၊ အနံ(၃ဝ)ပေရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး မိသားစုနှင့် အလှူရှင်များမှ စုပေါင်းဆောက်လုပ်ခြင်းဖြစ်ကြောင်းသတင်းရရှိသည်။


Leave a Reply