တပ်မတော်သားများနှင့် ပြည်ခိုင်ဖြိုးပါတီ ရွာအဝင်လမ်းခင်းလုပ်အားပေး

13139120_1682836975301843_4759895563404762793_n

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်ရှိ ဝက်ထိုးရွာအဝင်လမ်းကို မိုးတွင်းကာလရောက်ရှိ လာပါက သွားလာဆက်သွယ်ရေး လွယ်ကူစေရန် ပြုပြင် ချဲ့ထွင်ခြင်းလုပ်ငန်းကို မေလ (၁၁) ရက် နေ့က ကျေးရွာသူ ကျေးရွာသားများက ဆောင်ရွက်လျက်ရှိသည်။ 

အဆိုပါဆောင်ရွက်နေခြင်းကို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက လုပ်အားပေးဆောင်ရွက်ပေးခဲ့ရာ ကန်ကြီးထောင့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူနှင့် နတခမှ အရာရှိများက သွားရောက် အားပေးကြကာ နေ့လယ်စာ၊ အချိုရည်များနှင့်မုန့်များ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

အောင်ဆန်းဝင်း(ကြံခင်း) 


Leave a Reply