ကျိုက်ထိုပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီဆိုင်းဘုတ်များ အသစ်ပြင်ဆင်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက် နှင့်ကျေးရွာများမှ ဟောင်နွမ်းနေသော ရပ်ကျေးပါတီဆိုင်းဘုတ်များအား အသစ်ပြန်လည်တပ်ဆင်လျှက်ရှိရာ နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက် (၉) နာရီအချိန်တွင် အင်္ဂဘိုကျေးရွာအုပ်စု ပါတီ ဆိုင်းဘုတ်တင် အခမ်းအနား ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဌ ဦးဌေးလွင်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးကျော်သူရလှိုင် နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးများမှ ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်များ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ကြ ကြောင်း သိရှိရသည်။

ကျိုက်ထိုပြည်ခိုင်ဖြိုးပါတီ


Leave a Reply