လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်အိမ်တက်ဆင်းမဲဆွယ်စည်းရုံး

 

လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ယမန်နေ့ နံနက် ၉နာရီမှစ၍ မဲဆန္ဒရှင်ပြည်သူများကို တစ်အိမ်တက်ဆင်း လိုက်လံ မဲဆွယ်စည်းရုံးခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့်အဖွဲ့သည် အမှတ် (၂)ရပ်ကွက်အတွင်းနှင့် အလယ်ကျေးရွာအုပ်စုအတွင်း တစ်အိမ် တက်တစ်အိမ်ဆင်းDoor To Door ကွင်းဆင်းမဲဆွယ်စည်းရုံး၍နေအိမ် များနှင့် လူစည်ကားရာနေရာများတွင် ခြင်္သေ့Sticker များနှင့်ပါတီ အလံငယ်များ Campaign ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ခြင်းကို ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ (လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း) ဦးတင်ယု၊ လှိုင်သာယာမြို့နယ်ပါတီခေတ္တဥက္ကဋ္ဌဦးဇေယျာ အောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အမှတ်(၂)ရပ်ကွက်နှင့် အလယ်ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌများနှင့် ရပ်/ကျေးပါတီကော်မတီ ဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၁၅ဝဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့သည်။

Union daily