နှစ်(၇ဝ)ပြည့် ပြည်ထောင်စုနေ့နှင့် (၁ဝ၂)နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုထမနဲထိုးပြိုင်

 

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နှစ်(၇ဝ)ပြည့် ပြည်ထောင်စုနေ့နှင့် (၁ဝ၂)နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့ ကို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့ ညနေ ၄ နာရီက စက်ဆန်း မီးရထားရပ်ကွက်၌ ထမနဲထိုးပြိုင် ပွဲကျင်းပခဲ့သည်။
¤င်းပြိုင်ပွဲသို့ အရန်ဗဟိုကော် မတီဝင်အရှေ့ပိုင်းခရိုင်အတွင်းရေး မှူး ဦးကျော်စိုး၊ ပါတီအရန်ဗဟို ကော်မတီဝင် ဒေါ်အေးအေးမြင့် (ခရိုင်ဘဏ္ဍာရေးမှူး)၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်း ရေးမှူးဒေါ်လဲ့လဲ့အေးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက် ပါတီခေါင်းဆောင်များ၊ ထမနဲထိုး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ရပ်ကွက်ပါတီကော်မတီဝင်များ တက်ရောက်ကြသည်။

ပါတီအရန်ဗဟိုကော်မတီဝင် ဒေါ်အေးအေးမြင့်က ထမနဲထိုးပြိုင် ပွဲအတွက် အမှတ်ပေးစည်းမျဉ်း များကို ဖတ်ကြားရှင်းလင်းပြော ကြားပြီး အမှတ်ပေးဒိုင်အဖွဲ့မှ အမှတ်များ အကဲဖြတ်ပေးခဲ့သည်။
ထို့နောက် ထမနဲထိုးပြိုင်ပွဲ၌ စက်ဆန်းရပ်ကွက်မှ (ပထမ)၊ တောင်ညွန့်ကြီးရပ်ကွက်မှ(ဒုတိယ)၊ တောင်ညွန့်မီးရထားရပ်ကွက်နှင့် စံပြဖဆပလရပ်ကွက်တို့မှ(တတိယ) နှင့် ကျန်ရပ်ကွက်များမှာလည်း နှစ်သိမ့်ဆုများ အသီးသီးရရှိခဲ့ ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)