ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ လှုပ်ရှားမှု တစ်ရပ်အနေဖြင့် ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု ယူဆမိုဆိုရွာတွင် ဆပ်ပြာရည်ပြုလုပ်နည်းအဆင့်ဆင့်ပြုလုပ် ပြသခြင်း

 

ဒီးမော့ဆို – မေ ၂၀

ယနေ့ (၂၀-၅-၂၀၁၉) ရက်နေ့ နံနက် (၉ : ၀၀)နာရီအချိန်တွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ လှုပ်ရှားမှု တစ်ရပ်အနေဖြင့် ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စု ယူဆမိုဆိုရွာ ဦးမာစေးလို – ဒေါ်လူစီးလာ နေအိမ်တွင် ဆပ်ပြာရည် ပြုလုပ်နည်းအဆင့်ဆင့်အား ရွာသူရွာသားများကို အသေးစိတ်ရှင်း လင်းပြီး ပြုလုပ်ပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြကြပါသည် ။
ပြီးနောက် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ဒေါရစ်လေးနှင့် ကျေးရွာနေ အမျိုး သမီးအဖွဲ့များနှင့်တွေ့ဆုံကာ စကားဝိုင်းဆက်လက်ပြုလုပ်ပါသည်။
ယင်းသို့သွားရောက်ရာတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင်များဖြစ်ကြသော အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ဒေါရစ်လေး အမျိုးသမီးရေးရာဒု-တာဝန်ခံ ဒေါ်ဗျားမြာမောင် လူငယ်ရေးရာတာဝန်ခံ ဦးအောင်နိင်ဦး လူငယ်ရေးရာ ဒု – တာဝန်ခံ ဒေါ်နန်းယဉ်သီတာထွး လွိုင်ကော်ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်မေလတ် ဒီးမော့ဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဒေါ်မေရီယန် အတွင်းရေးမှူး ဦးဝီလျံဇော်ထိုက် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ဆာဖောနှင့် ဒီးမော့ဆိုမြို့နယ်ကော်မတီဝင်များ ယူဆမိုဆိုရွာမှ အမျိုးသမီးများ စုစုပေါင်းအင်အား ( ၃၀ )ကျော် တက်ရောက်ပြီး နံနက် ( ၁၀: ၃၀ )နာရီအချိန်တွင် ပြီးစီးကြောင်း သတင်းရရှိသည်။